Connect with us

Hi, what are you looking for?

News

အိန္ဒြာကျော်ဇင်နဲ့ ပိုင်တံခွန်သတင်း မိသားစုတွေ ခုထိ မသိရသေး

ပိုင်တံခွန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း ပိုင်တံခွန်အခုထိမလွတ်သေးကြောင်း၊ မိသားစုက အရိပ်ယောင်တောင်မတွေ့ရသေးကြောင်းရေးသားအသိပေးထားပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ ပိုင်တံခွန်လွတ်တဲ့သတင်း ခုထိ အတည်မပြုနိုင်သေးဘူးလို့ မိသားစုဝင်တွေက ဆိုရှယ်မီဒီယာက တဆင့် အသိပေးထားပါတယ်။

အခုအချိန်အထိ မိသားစုအနေနဲ့ ဘာမှမသိရသေးကြောင်းနဲ့ မိသားစုအတည်မပြုသရွေ့ ဘယ်သတင်းမှမယုံကြဖို့ အိန္ဒြာကျော်ဇင်ရဲ့ အမ မအိကျော်ဇင်က ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ပိုင်တံခွန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း ပိုင်တံခွန်အခုထိမလွတ်သေးကြောင်း၊ မိသားစုက အရိပ်ယောင်တောင်မတွေ့ရသေးကြောင်းရေးသားအသိပေးထားပါတယ်။

လွတ်ငြိမ်းနဲ့လွတ်မြောက်လာတယ်ဆိုပြီး သတင်းထွက်နေတဲ့ အဲဒီအနုပညာရှင်နှစ်ဦးစလုံးက ၅၀၅ (က) နဲ့ တရားဆွဲဆို ပြီး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့အတူ ဗဟန်းမြို့မှာရှိတဲ့နေအိမ်မှာ ဧပြီ ၉ ရက်က ဖမ်းဆီခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတာ ၁၀ လရှိပြီဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်တို့ကိုဖမ်းဆီးပြီးနောက် အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်ကိုလည်း ပုဒ်မ ၅၀၅ (က) မတရားဖမ်းဆီးခဲ့ပါတယ်။

မေတိုးခိုင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လွတ်မြောက်ခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ အိန္ဒြာကျော်ဇင်နဲ့ ပိုင်တံခွန် အပါအဝင် ဒါရိုက်တာ လူမင်း၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ပြေတီဦး၊ ရဲတိုက်၊ စောဖိုးခွား၊ ပိုပို၊ ဝင်းမင်းသန်း စတဲ့အနုပညာရှင်တွေ ကျန်နေသေးပြီး လောလောလတ်လတ်ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းလည်း ပါဝင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်မှုထမ်း တွေ သေဆုံးထိခိုက်မှုများ​နေပြီး လမ်းဘေးမှာသဂြိုလ်နေရပြီး စစ်တပ်က မိသားစုထံအကြောင်းမကြားဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားက ပြောပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDMနိုင်ငံ့ဝန်ထမ်းများ၏ မိသားစုအတွက် ထောက်ပံ့မှုအစီအစဥ်ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီက စတင်ပြုလုပ်ခဲ့သည်။