Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်ကောင်စီဖမ်းသွားတဲ့ ၉တန်းကျောင်းသား မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဖေဖော်ဝါရီ-၂၆၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မော်ဝမ်းကလေးကျေးရွာကနေ ဖားကန့်မြို့ပေါ်ကို စစ်လာရှောင်နေတဲ့ ၉တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ဖမ်းဆီးသွားတာပါ။

” ရဲစခန်းရှေ့ကို ဖြတ်တုန်း ဖမ်းသွားတာ။ ဖမ်းတာက ရဲတွေမဟုတ်ဘူး။ စစ်တပ်က ဖမ်းတာ။ ဒီနေ့အထိ မေးလို့မရသလို တွေ့ခွင့်လည်း မပေးတော့ စိုးရိမ်နေကြပြီ ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက‌ ဒီနေ့ ဖေဖော်ဝါရီလ၂၆ရက် မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မောင်မဒိန်နော်ဆိုင်းဟာ အသက် ၁၆နှစ်အရွယ် လူငယ်ဖြစ်ပါတယ်။ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက် ရဲစခန်းနဲ့ စစ်တပ်ဗျူဟာကုန်းကို သွားရောက်စုံစမ်းပေမယ့် အကျိုးအကြောင်းမသိရသေးဘူးလို့ မော်ဝမ်းကလေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ ဖေဖော်ဝါရီလလယ်က တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် စစ်ကောင်စီက လက်နက်ကြီး‌‌တွေ မကြာခဏပစ်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတာတွေရှိနေပါတယ်။

လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီလ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာ လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကို KIA၊KPDF က သိမ်းယူနိုင်ခဲ့ပါတယ်။ စခန်းတွေဆုံးရှုံးပြီးတဲ့နောက် စစ်ကောင်စီကဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ညပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၅ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ရှမ်းနီ(SNA)တပ်တွေ ပြန်ဝင်လာပြီး ဒအရပ်သားတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ လုယက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးသွားပြီးနောက်ပိုင်းမောင်မဒိန်နော်ဆိုင်း ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။