Connect with us

Hi, what are you looking for?

သတင်း

စစ်သားသစ်​​တွေ​သေရင် မိသားစုကို အ​ကြောင်းမကြားဘူးလို့ အလင်းဝင်စစ်သား​ပြော

ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်မှုထမ်း တွေ သေဆုံးထိခိုက်မှုများ​နေပြီး လမ်းဘေးမှာသဂြိုလ်နေရပြီး စစ်တပ်က မိသားစုထံအကြောင်းမကြားဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားက ပြောပါတယ်။

KNDF ထံအလင်းဝင်ခဲ့တဲ့ စစ်သားသစ် အောင်ကိုကိုဟိန်း။ဓါတ်ပုံ-KNDF

“မင်းတို့ထွက်ပြေးလို့ မိုင်းနင်းနင်း၊သေသေ စာရွက်ဖြူတစ်ရွက်နဲ့ ဘောပင် ၃၀၀ တန်တစ်ချောင်းပဲကုန်တယ်ဆိုပြီး ဒုတပ်ရင်းမှူးကပြောထားတယ်။ ကျန်တာ မင်းတို့ကို သိပ်စိတ်မဝင်စားဘူးလို့ အမြဲတစေ ပြောတယ်ဗျ”

− အလင်းဝင်စစ်သားသစ်

အောက်တိုဘာ-၈၊၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်မှုထမ်း တွေ သေဆုံးထိခိုက်မှုများ​နေပြီး လမ်းဘေးမှာသဂြိုလ်နေရပြီး စစ်တပ်က မိသားစုထံအကြောင်းမကြားဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားက ပြောပါတယ်။

အဲဒါအပြင် စစ်မှုထမ်းတစ်ယောက်သေဆုံးရင် စာရွက်ဖြူတစ်ရွက် နဲ့ ၃၀၀ တန်ဘောပင် တစ်ချောင်း သာကုန်တယ်လို့ လည်း တပ်တွင်း အမြဲတစေ ခြိမ်းခြောက် မှုတွေရှိတယ်လို့ သူက ဆိုပါတယ်။

အပတ်စဥ် ၅ မှာ စစ်မှုထမ်းတပ်သားအဖြစ် ရပ် ကွက်ရုံးက ပေါ်တာဆွဲခံရပြီး​တော့ စစ်သင်တန်းစလွှတ်ခံရတယ်ဆိုတဲ့ စစ်သားသစ် အောင်ကိုကိုဟိန်းကလွိုင်ကော်၊မိုးဗြဲနဲ့ ဒီးမော့ဆို တိုက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရတာ​တွေအ​ပေါ် ​ပြောကြားချက် ရုပ်သံမှတ်တမ်းကို KNDF ကဒီက​နေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ငွေတောင်ဆည်ထိပ်ကနေ စစ်ကြောင်းထိုးတော့ ပြည့်အောင်ရတနာတိုက်ပွဲ အဲဒီမနက်ပိုင်းမှာ နှစ်ယောက်ကျတယ်။ ပစ နှစ်ယောက်။ညနေပိုင်းမှာသုံးယောက်ထပ်ကျတယ်။ကျတဲ့အထဲမှာ တပ်ကြပ်ကြီးတစ်ယောက်ပါတယ်။ ပစ တွေကိုအရှေ့ကတက်ခိုင်းတယ်”လို့ အောင်ကိုကိုဟိန်းက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ထိုးစစ်မှာ ​ခြေလျင်တပ်ရင်း​တွေဖြစ်တဲ့ ခလရ ၉၊၁၀၂ နဲ့ ၅၁၈ တပ်ရင်း သုံးရင်းကို သုံးထားတယ်လို့ သူကဆက်​ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ မတိုင်မီ မိုးဗြဲ မြို့ကုန်းသာ တိုက်ပွဲမှာလည်း သေဆုံးခဲ့တဲ့ စစ်မှုထမ်း သင်တန်းဆင်း စစ်သားသစ် ၇ ဦး ကိုလမ်းဘေးတွင်သဂြိုလ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တပ်တွင်း ရှိနေခဲ့တဲ့ ကာလတစ်လျှောက် မဲပေါက်တာကြောင့် ဒါမှမဟုတ် ငွေကြေးကြောင့်အစားထိုးဝင်လာရသူနဲ့ ပေါ်တာဆွဲခံရသူတွေ များတယ်လို့ ကိုအောင်ကိုကိုဟိန်းက ဆိုပါတယ်။

ထွက်ပြေးလို့ မိတဲ့စစ်မှုထမ်းတွေဆိုရင် စစ်တပ်က လူမဆန်စွာရက်စက်ပြီး တချို့ကို သတ်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

“၅၁၈ ကတပ်ရင်းမှူးဆို ထွက်ပြေးတဲ့ ပစ တွေကို သတ်ပစ်တယ်။ပြီးရင်စစ်မြေပြင်မှာကျတယ်ဆိုပြီး သူတို့စကားလုပ်တာ။သူတို့က ပြောထားတာ မင်းတို့ထွက်ပြေးလို့ မိုင်းနင်းနင်း၊သေသေ စာရွက်ဖြူတစ်ရွက်နဲ့ ဘောပင် ၃၀၀ တန်တစ်ချောင်းပဲကုန်တယ်ဆိုပြီး ဒုတပ်ရင်းမှူးက ပြောထားတယ်။ကျန်တာ မင်းတို့ကို သိပ်စိတ်မဝင်စားဘူးလို့ အမြဲတစေ ပြောတယ်ဗျ”လို့ ကြုံတွေ့ခဲ့ရတဲ့တပ်တွင်းအခြေအနေကို အောင်ကိုကိုဟိန်းက ရှင်းပြပါတယ်။

စစ်မှုထမ်းတွေကို တပ်ကြပ်ကြီးတွေက အုပ်ချုပ်ပြီး လစာဖြတ်တောက်တာ၊ထိုးကြိတ်ကန်ကျောက်တာ တွေ အပြင် တပ်တွင်း ဖိနှိပ်မှုတွေ မျိုးစုံရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် PDF ဆိုသူတွေကို အရင်သတ်ရင်သတ် မသတ်ပါက ကိုယ်အသတ်ခံရမယ်လို့ ဝါဒမှိုင်းဖြန့်ထားပြီး မူးယစ်ဆေးဝါးတွေကို ခလရ ၁၀၂ တပ်ဆီကနေ ဝယ်ယူသုံးစွဲရတယ်လို့လည်း သိရပါတယ်။

“ယဥ်ယဥ်လေးနဲ့ ကြောင်နေတာရှိတယ်။တချို့ကြတော့ ရယ်ပဲရယ်နေတယ်။ငိုတဲ့ကောင်တွေက ငိုတယ်။ သူတို့အိမ်လည်းသူတို့မသိဘူး။သူတို့နာမည်တောင်မသိဘူး အဲဒီလိုကောင်တွေများတယ်ဗျ။ကျွေးမှစားတဲ့ကောင်တွေလည်းပါတယ်။ဦးနှောက်မကောင်းတဲ့သူတွေမျိုးပေါ့။ကြပ်မပြည့်တာ၊လွတ်နေတာက အနည်းဆုံး ၁၀ ဦးလောက်ရှိတယ်”လို့ ထွက် ပြေးလွတ်မြောက်လာတဲ့စစ်သားသစ် က ပြောပါတယ်။

ကရင်နီပြည်နယ်ထဲကို စစ် ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေထဲက စစ်မှုထမ်း စစ်သားသစ်သုံးယောက် ခိုလှုံလာတယ်လို့ KNDF က ​အောငွတိုဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ် လျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဥ်နီးပါးရှိနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

■ထိုင်းမှာအဖမ်းခံရပြီးပြန်ပို့စဥ်စစ်သားသစ်စု​ဆောင်းခံရသူနဲ့ မုံရွာမှာ​ပေါ်တာဆွဲခံရသူ​တွေဖြစ်

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။