Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ် ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခြောက်ဦးသေ

“တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်ဦးကျဆုံးခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု CDF – KKGက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အလစ်အငိုက်ဝင်တိုက်ခဲ့ကြောင်း CDF – KKGက ယနေ့ (ဖေဖော်ဝါရီ ၁၆) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့ညနေ ၄နာရီခန့်တွင် CDF – KKG နှင့်CDF – Hakha တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁နာရီခန့်ကြာမြင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်ဦးကျဆုံးခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု CDF – KKGက ထုတ်ပြန်သည်။

ရန်ကြီးအောင်ကျေးရွာတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး ပြည်သူလူထုအား ခြိမ်းခြောက်မှုများလုပ်ဆောင်နေကြောင်း CDF – KKGက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ကလည်း ကျေးရွာအတွင်းရှိ နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယနေ့နံနက်တွင်လည်း နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။