Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့နယ် ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခြောက်ဦးသေ

“တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်ဦးကျဆုံးခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု CDF – KKGက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အလစ်အငိုက်ဝင်တိုက်ခဲ့ကြောင်း CDF – KKGက ယနေ့ (ဖေဖော်ဝါရီ ၁၆) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့ညနေ ၄နာရီခန့်တွင် CDF – KKG နှင့်CDF – Hakha တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁နာရီခန့်ကြာမြင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်ဦးကျဆုံးခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု CDF – KKGက ထုတ်ပြန်သည်။

ရန်ကြီးအောင်ကျေးရွာတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး ပြည်သူလူထုအား ခြိမ်းခြောက်မှုများလုပ်ဆောင်နေကြောင်း CDF – KKGက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ကလည်း ကျေးရွာအတွင်းရှိ နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယနေ့နံနက်တွင်လည်း နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။