Connect with us

Hi, what are you looking for?

News

မသန်စွမ်းများအတွက် ကတိကဝတ် ၇ချက် NUG ထုတ်ပြန်ကြေညာ

မသန်စွမ်းသူများ ခွင့်တူညီမျှ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ(MCERP) နှင့် ညှိနှိုင်းဆွေးနွေးမှုများအရ မသန်စွမ်းသူများအတွက် လုပ်ငန်းစဉ် ၇ချက်ကို NUG က အကောင်အထည်ဖော်ရန် ကတိပြုကြောင်း ထုတ်ပြန်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတောင်းဆိုနေသော မသန်းစွမ်းအမျိုးသမီးတစ်ဦးကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

တော်လှန်ရေးကာလနှင့် နောင်နိုင်ငံတော်သစ်တွင် မသန်စွမ်းများအတွက် ကတိကဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ထုတ်ပြန်ကြေညာသည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူရရှိခံစားပိုင်ခွင့် ရရှိစေရေးအပြင် မသန်စွမ်းသူများ ကြုံတွေ့ခံစားနေရသော မညီမျှမှုများကို လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာမသန်စွမ်းခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဆိုသည်။

မသန်စွမ်းသူများ ခွင့်တူညီမျှ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ(MCERP) နှင့် ညှိနှိုင်းဆွေးနွေးမှုများအရ မသန်စွမ်းသူများအတွက် လုပ်ငန်းစဉ် ၇ချက်ကို NUG က အကောင်အထည်ဖော်ရန် ကတိပြုကြောင်း ထုတ်ပြန်သည်။

ယင်းလုပ်ငန်းစဉ် ၇ ချက်မှာ (၁) တော်လှန်ရေးကာလ၊ ကြားကာလအုပ်ချုပ်စီမံမှုများ၊ နောင်ကာလ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး အတွက် ညှိနှိုင်းပုံဖော် ဆောင်ရွက်မှု များတွင် မသန်စွမ်းသူများတန်းတူပါဝင်နိုင်စေရေး၊ (၂) ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများအား ချန်လှပ်ခြင်း ရှိမနေစေရန် စီစဉ် ဆောင်ရွက်ပေးရေး၊ (၃) တော်လှန်ရေးကာလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ထောက်ပံ့ကူညီမှုများ၊ လူမှု ကာကွယ်စောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေးစီစဉ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများ တန်းတူပါဝင်ခံစားရရှိနိုင်စေရေးတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ (၄) လူသားချင်းစာနာမှုအစီအစဥ်တိုင်းတွင် မသန်စွမ်းသူများအား ကျန်ရစ်မနေစေရန် စနစ်တကျ ဆောင်ရွက်ပေးရေး၊ (၅) မသန်စွမ်းသူများ၏အချက်အလက်များကို ဒေသအလိုက် ရယူအသုံးပြုနိုင်စေရန် Mapping များပြုလုပ်ပြီး ဘေးအန္တရာယ်ကြုံတွေ့ရမှုများတွင် မသန်စွမ်းသူများကို ဦးစားပေး ကယ်ဆယ် ဆောင်ရွက်နိုင်စေရန် စီမံထားရှိပေးနိုင်ရေးတို့ဖြစ် ကြောင်း ဖော်ပြသည်။

ထို့အပြင် (၆) ဘေးအန္တရာယ်ကာကွယ်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို လျော့ကျ နိုင်ရန် သေချာစွာဆောင်ရွက်မည်ဖြစ်ပြီး ကာကွယ်ရေးပစ္စည်းများ၊ အဆောက်အဦများ၊ စနစ်များ၊ အစီအစဉ်များကို သေချာခိုင်မာစေရန် မူဝါဒရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နှင့် (၇) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်အခြေခံသော လူမှု-စီးပွားကဏ္ဍစုံ မူဝါဒများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရာတွင် မသန်စွမ်းသူများကိုချန်လှပ်ခြင်း မရှိစေရေးတို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။