Connect with us

Hi, what are you looking for?

News

ဒေါဥခူရပ်ကွက်ရှိ စစ်​ကောင်စီတပ်ကို ၁နာရီ​ကျော်ကြာတိုက်ခိုက်ရာ ​လေးဦး​သေဟု KDF ပြော

ကရင်နီပြည်နယ်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းများနှင့် နယ်မြေများကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေပုံအရ ရှေ့လာမည့်ရက်များမှာလည်း တိုက်ပွဲများပြင်းထန်လာမည်ဟု KDFက ခန့်မှန်းသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ဒေါဥခူရပ်ကွက်ရှိ စစ်ကောင်စီတပ်များ ကင်းပုန်းဝတ်နေသောနေရာကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုကင်းပုန်းစခန်းကို သုံးရက်ကြာလေ့လာပြီးနောက် ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်) ည ၈နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“စစ်ခွေးတပ်နဲ့က ပေ၁၀၀နီးနီးပဲ ကွာတယ်။ယှဥ်ပစ်တာ။ဒါကြောင့် သူတို့ဘက်က လူဦးသေတယ်ဆိုတာ အတည်ပြုနိုင်တယ်။ဒဏ်ရာ ရတဲ့သူလည်းများတယ်။ တိုက်ပွဲက ၁နာရီကျော်ထိ ကြာတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် GZ-21 Loikaw PDF မဟာမိတ်ညီနောင်မြို့ပြ​ပြောက်ကျားအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ရာတွင် ရဲဘော်တစ်စုံတစ်ဦးမျှ ထိခိုက်ခဲ့ခြင်းမရှိဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းများနှင့် နယ်မြေများကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေပုံအရ ရှေ့လာမည့်ရက်များမှာလည်း တိုက်ပွဲများပြင်းထန်လာမည်ဟု KDFက ခန့်မှန်းသည်။

ထို့အပြင် ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတက်က သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။