Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါဥခူရပ်ကွက်ရှိ စစ်​ကောင်စီတပ်ကို ၁နာရီ​ကျော်ကြာတိုက်ခိုက်ရာ ​လေးဦး​သေဟု KDF ပြော

ကရင်နီပြည်နယ်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းများနှင့် နယ်မြေများကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေပုံအရ ရှေ့လာမည့်ရက်များမှာလည်း တိုက်ပွဲများပြင်းထန်လာမည်ဟု KDFက ခန့်မှန်းသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ဒေါဥခူရပ်ကွက်ရှိ စစ်ကောင်စီတပ်များ ကင်းပုန်းဝတ်နေသောနေရာကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုကင်းပုန်းစခန်းကို သုံးရက်ကြာလေ့လာပြီးနောက် ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်) ည ၈နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“စစ်ခွေးတပ်နဲ့က ပေ၁၀၀နီးနီးပဲ ကွာတယ်။ယှဥ်ပစ်တာ။ဒါကြောင့် သူတို့ဘက်က လူဦးသေတယ်ဆိုတာ အတည်ပြုနိုင်တယ်။ဒဏ်ရာ ရတဲ့သူလည်းများတယ်။ တိုက်ပွဲက ၁နာရီကျော်ထိ ကြာတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် GZ-21 Loikaw PDF မဟာမိတ်ညီနောင်မြို့ပြ​ပြောက်ကျားအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ရာတွင် ရဲဘော်တစ်စုံတစ်ဦးမျှ ထိခိုက်ခဲ့ခြင်းမရှိဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းများနှင့် နယ်မြေများကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေပုံအရ ရှေ့လာမည့်ရက်များမှာလည်း တိုက်ပွဲများပြင်းထန်လာမည်ဟု KDFက ခန့်မှန်းသည်။

ထို့အပြင် ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတက်က သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။