Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​ဒေါက်တိုင် သထုံမြို့နယ်​ဈေးရုံကို​ဖောက်ခွဲတိုက်ခိုက်​ကြောင်း MTHSF ထုတ်ပြန်

ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နံနက် ၁၁ နာရီ ၁၂ မိနစ်တွင် ဖောက်ခွဲလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်အဖြစ် ဆက်လက်ရပ်တည်နေပါက ထပ်မံတိုက်ခိုက်သွားမည်ဟု MTHSFက သတိပေး ထားသည်။

(ဗုံး​ဖောက်ခွဲပြီး​နောက် ​ဈေးရုံကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကောင်စီဒေါက်တိုင်တစ်ခု ဖြစ်သောသထုံမြို့နယ်စျေးရုံးအဆောက်အဦကိုမွန်-သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ MTHSF က ယနေ့နေ့လယ်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်​ကြောင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နံနက် ၁၁ နာရီ ၁၂ မိနစ်တွင် ဖောက်ခွဲလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်အဖြစ် ဆက်လက်ရပ်တည်နေပါက ထပ်မံတိုက်ခိုက်သွားမည်ဟု MTHSFက သတိပေး ထားသည်။

သထုံမြို့နယ်စျေးကော်မတီသည် စစ်အာဏာသိမ်းဂယက်နှင့်ကိုဗစ်ရောဂါအခြေအနေကြောင့် ပြည်သူများ စီးပွားရေးကျပ်တည်းနေချိန် စျေးဆိုင်များကို စျေးခွန်တိုးကောက်ခြင်း၊ အကျင့်ပျက်ခြစားပြီးပြည်သူများကို အာဏာပါဝါ ပြလာခြင်းတို့ကြောင့် ဖောက်ခွဲ သတိပေးတိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များကို ဆက်လက်ကျူးလွန်ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်နှင့်ကြုံရမည်ဖြစ်ကြောင်း MTHS ကသတိပေးထားသည်။

ပေါက်ကွဲမှုသည် အလွန်ပြင်ထန်ပြီးစျေး ရုံးအဆောက်အဦး နေရာအများစု ပျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ထိခိုက်ဒဏ်ရသူအချို့ရှိသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။