Connect with us

Hi, what are you looking for?

News

မုံရွာ-​ရေဦး နှင့် ​ရွှေဘို-အရာ​တော်လမ်းပိုင်းတွင် ဆန်စပါးကားများ ဖြတ်သန်းခြင်းမပြုရန် ဒီပဲယင်း PDF ​မေတ္တာရပ်ခံ

ဆန်စပါးကားများ ဖြတ်သန်းခွင့်ခေတ္တပိတ်ထားရခြင်းနှင့်ပတ်သက်၍ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုမေးမြန်းရာတွင် ပြောပြ၍မရသေးကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ရေဦး လမ်းပိုင်းနှင့် ရွှေဘို-အရာတော် လမ်းပိုင်းတွင် ဆန်စပါးကားများဖြတ်သန်းခြင်းမပြုဘဲ ခေတ္တယာယီ ရပ်တန့်ထားကြရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယနေ့ (ဖေဖော်ဝါရီ၁၈ ရက်)တွင် ပြည်သူလူထုသို့ မေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်ကြေညာခဲ့ရာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စ၍ မုံရွာ-ရေဦး လမ်းပိုင်းနှင့် ရွှေဘို-အရာတော် လမ်းပိုင်းတွင် ဆန်စပါးကားများ ဖြတ်သန်းခြင်းမပြုပဲ ခေတ္တယာယီ ရပ်တန့်ထားကြရန် မေတ္တာရပ်ခံပြီး ဖြတ်သန်းရန်အဆင်ပြေသည့်ရက်ကို ပြန်လည်ထုတ်ပြန်ပေးပါမည်ဟု အသိပေသည်။

ဆန်စပါးကားများ ဖြတ်သန်းခွင့်ခေတ္တပိတ်ထားရခြင်းနှင့်ပတ်သက်၍ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုမေးမြန်းရာတွင် ပြောပြ၍မရသေးကြောင်း ဖြေကြားသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူ လူထု၏ အသက်အိုးအိမ် ဥစ္စာစည်းစိမ်လုံခြုံရေးကိုအမြဲတစေဦးစားပေးဆောင်ရွက်သောတော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်း၊ တော်လှန်ရေးလုပ်ငန်းစဥ်များဆောင်ရွက်ရာတွင်လည်း အရပ်သား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထည့်သွင်းစဥ်းစားစီစဥ်ပြီးမှသာ ပြုလုပ်လေ့ရှိသည်ကို ပြည်သူများ သိရှိပြီးဖြစ်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကားပိုင်၊ ထော်လာဂျီပိုင်၊ အစရှိသည့် လုပ်ငန်းရှင်များနှင့် ယာဥ်မောင်းလုပ်သားများအနေနှင့်လည်း အကြမ်းဖက်စစ်တပ်၏ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း မပြုလုပ်ကြရန် ဖြည့်စွက် တိုက်တွန်းလိုကြောင်း၊ အကယ်၍ မလွှဲသာမရှောင်သာ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ပေးရပါကလည်း လိုအပ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များမှ တစ်ဆင့်ဆက်သွယ် သတင်းပို့ပေးစေလိုကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တံစိုး လက်ဆောင်နှင့် လမ်းကြေး ဆက်ကြေး အသွင်ဆောင်သည့် လှူဒါန်းငွေများကို လက်မခံသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ထိုသို့ အပြုအမူများကို အပြစ်ရှိသည်ဟု သက်မှတ်သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် မိမိတို့၏ မေတ္တာရပ်ခံချက်အား အပြည့်အဝ လိုက်နာပေးကြရန် တော်လှန်ရေး အကျိုးစီးပွားကို ရှေးရှု၍ တိုက်တွန်းနှိုးဆော်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။