ပဲခူးတိုင်း ဒိုက်ဦး-ညောင်ခါးရှည်လမ်းပိုင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ဒိုက်ဦးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၈) ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီ ၄၅ခန့်က ဒိုက်ဦး-ညောင်ခါးရှည်လမ်း မိုင်တိုင် (၈)နှင့် (၉)ကြားရှိ စစ်ကောင် စီတပ်၏ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“တကောင် ဗိုက်ပေါက်အူပွင့် ပွဲချင်းပြီး။ နှစ်ကောင် မရှုမလှဆန့်ငင်ဆန့်ငင်”ဟု မြစ်ကျိုးရွာခံတစ်ဦးပြောကြားမှုကိုကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်ခံရသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီလက်ဝေခံ ရဲလေးဦး၊ စစ်သားနှစ်ဦးရှိနေပြီး ဂိတ်ကြေးများတောင်းလျက်ရှိကြောင်း ဒိုက်ဦး PDF က ဆိုသည်။

Public Service Announcement
