Connect with us

Hi, what are you looking for?

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲကို စစ်​ကောင်စီက ​လေ​ကြောင်း၊ ​ရေ​ကြောင်းဖြင့်ပါ အင်အားဖြည့်တင်း​နေ

တိုက်ပွဲပြင်းထန်​နေဆဲဖြစ်သည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲနှင့် နန်းမယ်ခုံအနီးတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထောက်ပို့လေယာဥ်နှစ်စီးဖြင့် တပ်သား ၄၀ထက်မနည်း အားဖြည့်ခဲ့သည်ဟု ဆိုသည်။

(ယနေ့နံနက်က စစ်ကူ​စေလွတ်​နေ​သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ လေယာဥ်နှစ်စီးအား တွေ့ရစဥ်)

ရှမ်း-ကယား(ကရင်နီ)နယ်စပ်အနီးတဝိုက်တွင် စစ်ကောင်စီ​တပ်က ​လေ​ကြောင်းနှင့် ​ရေ​ကြောင်း​များမှတစ်ဆင့် စစ်ကူ​​​​တွေစေလွတ်​နေသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

တိုက်ပွဲပြင်းထန်​နေဆဲဖြစ်သည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲနှင့် နန်းမယ်ခုံအနီးတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထောက်ပို့လေယာဥ်နှစ်စီးဖြင့် တပ်သား ၄၀ထက်မနည်း အားဖြည့်ခဲ့သည်ဟု ဆိုသည်။

“ဒီမနက် ၆ နာရီကျော်လောက်က လေယာဥ်နှစ်စီးနဲ့ ဆော်ခီးဒေါရွာနဲ့ ဘုရားနီရွာနားမှာ လေထီးနဲ့ စခ၄၀ခန့်ချခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ဝါရီဆူးပလိုင်နှင့် ဝီသဲကူ​​ကျေးရွာ​ များဆီသို့ ဘီလူး​ချောင်းမှတစ်ဆင့် ​စက်လှေလေးစီးပါ စစ်ကူ​တွေ​​စေလွတ်​နေသည်ဟုလည်း ကရင်နီလူငယ်များအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ အခြေအနေများကြောင့် အကြမ်းဖက် စစ်ကောင်စီသည် ရှေ့တိုက်ပွဲရက်များတွင် အထိနာနေသည်ဟု သတ်မှတ်နိုင်ပြီး တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၉)က ရှမ်း- ကယား နယ်စပ်ရှိ ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး (မြောက်ရွာ) (၃)​နေရာတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အဆင့်များအပါအဝင် ၄၀ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ရက်ကစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။