Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲကို စစ်​ကောင်စီက ​လေ​ကြောင်း၊ ​ရေ​ကြောင်းဖြင့်ပါ အင်အားဖြည့်တင်း​နေ

တိုက်ပွဲပြင်းထန်​နေဆဲဖြစ်သည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲနှင့် နန်းမယ်ခုံအနီးတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထောက်ပို့လေယာဥ်နှစ်စီးဖြင့် တပ်သား ၄၀ထက်မနည်း အားဖြည့်ခဲ့သည်ဟု ဆိုသည်။

(ယနေ့နံနက်က စစ်ကူ​စေလွတ်​နေ​သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ လေယာဥ်နှစ်စီးအား တွေ့ရစဥ်)

ရှမ်း-ကယား(ကရင်နီ)နယ်စပ်အနီးတဝိုက်တွင် စစ်ကောင်စီ​တပ်က ​လေ​ကြောင်းနှင့် ​ရေ​ကြောင်း​များမှတစ်ဆင့် စစ်ကူ​​​​တွေစေလွတ်​နေသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

တိုက်ပွဲပြင်းထန်​နေဆဲဖြစ်သည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲနှင့် နန်းမယ်ခုံအနီးတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ထောက်ပို့လေယာဥ်နှစ်စီးဖြင့် တပ်သား ၄၀ထက်မနည်း အားဖြည့်ခဲ့သည်ဟု ဆိုသည်။

“ဒီမနက် ၆ နာရီကျော်လောက်က လေယာဥ်နှစ်စီးနဲ့ ဆော်ခီးဒေါရွာနဲ့ ဘုရားနီရွာနားမှာ လေထီးနဲ့ စခ၄၀ခန့်ချခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ဝါရီဆူးပလိုင်နှင့် ဝီသဲကူ​​ကျေးရွာ​ များဆီသို့ ဘီလူး​ချောင်းမှတစ်ဆင့် ​စက်လှေလေးစီးပါ စစ်ကူ​တွေ​​စေလွတ်​နေသည်ဟုလည်း ကရင်နီလူငယ်များအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ အခြေအနေများကြောင့် အကြမ်းဖက် စစ်ကောင်စီသည် ရှေ့တိုက်ပွဲရက်များတွင် အထိနာနေသည်ဟု သတ်မှတ်နိုင်ပြီး တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၉)က ရှမ်း- ကယား နယ်စပ်ရှိ ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး (မြောက်ရွာ) (၃)​နေရာတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အဆင့်များအပါအဝင် ၄၀ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ရက်ကစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။