CDM တရားရေးဝန်ထမ်းများအား ထောက်ပံ့နိူင်ရေးရံပုံငွေရှာရန်နှင့် ဥပဒေ ပညာကို ပြည်သူလူထုလေ့လာနိူင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်းက ဦးဆောင်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်မိတ်ဆက်ပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်သည်။
‘ရန်ပုံငွေရှာမျှဝေရာ’ အစီအစဉ်ဟုအမည်ပေးထားသည့် ယင်းအစီအစဉ်ကိုဖေဖော်ဝါရီ ၂၆ရက်နှင့် ၂၇ရက်တွင်လူမှုကွန်ရက်မှတစ်ဆင့်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်း(NPJSO)ကယနေ့(ဖေဖော်ဝါရီ ၂၀ရက်) ကြေငြာသည်။
ဖေဖော်ဝါရီ ၂၆ရက် နံနက် ၁၁နာရီတွင်ဒီမိုကရေစီမိတ်ဆက်နှင့် ဖေဖော်ဝါရီ ၂၆ရက်နံနက်၁၁နာရီတွင်ဖက်ဒရယ်မိတ်ဆက်နှင့်အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်တရားရုံးစနစ် အကြောင်း ဆွေးနွေးပို့ချမည်ဖြစ်သည်။
တက်ရောက်လိုသူများအနေဖြင့်
Telegram Link
https://t.me/NPJSOoffice01
https://t.me/NPJSOoffice2 နှင့်
facebook page link
https://www.facebook.com/NP.JSO/ သို့ဖေဖော်ဝါရီ ၂၅ရက် ညနေ၄နာရီ ၃၀မိနစ် နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းထားရန်လိုအပ်ကြောင်းအသိ့ပေးထားသည်။

Public Service Announcement
ရန်ပုံငွေရှာ မျှဝေရာ အစီအစဉ်ကို စစ်အာဏာရှင်ဆန့်ကျင်ကာ CDM ပြုလုပ်ထားသည့် တရားရေးဝန်ထမ်းများက ၄င်းတို့တတ်ကျွမ်းသည့် ဥပဒေပညာဖြင့်ဝိုင်းဝန်းအကောင်
အထည်ဖော်ခြင်းဟု NPJSOဥက္ကဌ ဦးကောင်းမြတ်သူက ရှင်းပြထားသည်။
NPJSOသည် CDMပြုလုပ်ထားသော တရားရုံးအမှုထမ်းများ၊ တရားရေးအရာရှိတရားသူကြီးများဖြင့် ဖွဲ့စည်းထားပြီး လွတ်မြောက်နယ်မြေတွင် ရုံးခန်းတည်ဆောက်ဖွင့်လှစ်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားစီရင်ရေးဆိုင်ရာအကောင် အထည်ဖော်မှု လုပ်ငန်းစဉ်များတွင် အဓိက ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေသည်အဖွဲ့ဖြစ်ကြောင်း ဦးကောင်းမြတ်သူက ရှင်းပြထားသည်။
” တော်လှန်ရေးတစ်ရပ်မှာဆိုလျှင် တွန်းလှန်ကာကွယ်တိုက်ခိုက်ရေး နှင့် နယ်မြေသိမ်းပိုက် စိုးမိုးရေးဟာအဓိကအကျဆုံးနှင့်အလေးအနက်ထားရဆုံး ကိစ္စဖြစ်သကဲ့သို့ ၎င်းရလဒ်များ အပေါ်တရားဝင်မှုနှင့် စည်းနှောင်မှုအားရှိကြောင်းပြသရန် တရားစီရင်ရေးဆိုင်ရာကိစ္စ အဝဝသည် အဓိကကျသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် NPJSOအဖွဲ့ဟာ ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အားစိုက် ကြိုးပမ်းပြီး တော်လှန်ရေးခရီးကို လျှောက်လှမ်းနေတာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟုဦးကောင်းမြတ်သူက ပြောကြားသည်။
ဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် CDM တရားရေးဝန်ထမ်းများအားထောက်ပံ့နိုင်ရေးအတွက်ရန်ပုံငွေထောက်ပံ့လှုဒါန်းရန်လည်းဦးကောင်းမြတ်သူကမေတ္တာရပ်ခံထား
သည်။
“ကျွန်တော်တို့အဖွဲ့အစည်းအနေဖြင့် CDM ဝန်ထမ်းများဖြင့် စုဖွဲ့ထားရသည့်အတွက်လူမှုဘဝစားဝတ် နေရေး ဆိုင်ရာ အခြေခံလိုအပ်ချက် အခက်အခဲများ ရင်ဆိုင်ကျော်ဖြတ် နေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သင့်တင့်လျောက်ပတ်သော အထောက်အပံ့ရရှိပါသော်လည်း အခက်အခဲများကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်”ဟု ဦးကောင်းမြတ်သူက ပြောသည်။
ဦးကောင်းမြတ်သူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဉီးမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး CDM ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရထံတွင် တာဝန်ထမ်းဆောင်နေသည်။


















































