Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် စစ်ရှောင်စခန်းရှိရာသို့ ထိုးစစ်ဆင်လာ၍ တိမ်းရှောင်နေသူများအား ညတွင်းချင်း ​နေရာပြောင်းရွှေ့

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒီးမော့ဆို၊လွိုင်ကော်၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲစသည့် ဒေသများမှ ပြည်သူလူထုများ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ - ဒီး​မော့ဆို PDF

အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ရှောင်စခန်းများရှိရာသို့ ထိုးစစ်ဆင်လာ၍ စစ်ဘေးတိမ်းရှောင်နေသူများအား ညတွင်းချင်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၏ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ရှမ်း – ကယား(ကရင်နီ)ပြည်နယ် နယ်စပ်၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ရက်တွင် စစ်ရှောင်စခန်းဘက်သို့ ထိုးစစ်ဆင်လာ၍ ယင်းနေ့ညပိုင်း၌ ရွှေ့ပြောင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

အရေးပေါ် ရွှေ့ပြောင်းရသည့် စခန်းသည် မည်သည့် ဒေသရှိစစ်ရှောင်စခန်း ဖြစ်သည်ကို ဖော်ပြမထားသော်လည်း ကလေးငယ်များအပါအဝင် ပြည်သူလူထုများ ညအချိန် အထုပ်အပိုးများဖြင့် ပြောင်းရွှေ့နေသည်ဓာတ်ပုံများကို ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒီးမော့ဆို၊လွိုင်ကော်၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲစသည့် ဒေသများမှ ပြည်သူလူထုများ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။