Connect with us

Hi, what are you looking for?

News

နောင်ချိုမြို့ ကင်းစခန်းတိုက်ခိုက်ခံရမှု စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ ဒဏ်ရာရသူလည်းရှိဟုဆို

“ပြည်သူ့စစ်နဲ့ စစ်သား​တွေက ညတိုင်းလုံခြုံ​ရေးယူ စခန်းချ​နေတာ။ ဘူတာမှာပဲ။ အဲဒီ​နေရာမှာ လိုင်ခန်းအသစ်​ဆောက်​​နေကြတာ။ အဲဒီ​နေရာက​နေ PDF​တွေ တက်လာမှာဆိုးလို့ လုံခြုံ​ရေးယူထားတဲ့​နေရာ”ဟု ​နောင်ချိုမြို့ ​ဒေသခံတစ်ဦးက ​ပြောသည်။

ရှမ်းပြည်နယ်​မြောက်ပိုင်း နောင်ချိုမြို့ ဘူတာရပ်ကွက် မီးရထားဘူတာ​ဘေးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကင်းစခန်း ယမန်​နေ့ညက တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး​သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ​ကြောင်း ​နောင်ချိုမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

” ကျွန်​တော်တို့အဖွဲ့တိုက်တာ​တော့ မဟုတ်ဘူး။ ဒါ​ပေမယ့် ညီ​နောင်အဖွဲ့က တိုက်တာလို့သိရတယ်။ သူတို့ဘက်က တစ်​ယောက်​သေတယ်”ဟု ၎င်းက ​ပြော သည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) နံနက်​စော ၁နာရီခွဲတွင် ဘူတာရပ်ကွက် မီးရထားဘူတာ​ဘေးရှိ စစ်​ကောင်စီ ၏ ကင်းစခန်းတိုက်ခိုက်ခံရမှုတွင် အချိန် ၁နာရီခန့်ကြာ ပစ်ခတ်သံများကျယ်လောင်စွာထွက်ပေါ်ခဲ့သည်ဟု ​ဒေသခံများက ​ပြောသည်။

“ပြည်သူ့စစ်နဲ့ စစ်သား​တွေက ညတိုင်းလုံခြုံ​ရေးယူ စခန်းချ​နေတာ။ ဘူတာမှာပဲ။ အဲဒီ​နေရာမှာ လိုင်ခန်းအသစ်​ဆောက်​​နေကြတာ။ အဲဒီ​နေရာက​နေ PDF​တွေ တက်လာမှာဆိုးလို့ လုံခြုံ​ရေးယူထားတဲ့​နေရာ”ဟု ​နောင်ချိုမြို့ ​ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြုလုပ်ခြင်းဟု ကနဦး သတင်းထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

” ဒီ​နေ့နံနက် ​နောင်ချိုမြိုအ​ခြေ​နေမှာ ​စျေးဆိုင်များ ပုံမှန်အတိုင်းဖွင့်လှစ်​နေတယ်။ ဒါ​​ပေမယ့် လူသွား၊လူလာများနဲ့ ​စျေဝယ်သူက မရှိဘူး”ဟု ​နောင်ချို့မြို့ခံတစ်ဦးက ​ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ယခုတိုက်ခိုက်မှုကို ကြိုဆိုကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီထောက်တိုင် သတင်းသမားအမည်ခံအချို့ကမူ အမည်မသိလက်နက်ကိုင်အဖွဲ့က နောင်ချိုဘူတာကို တိုက်ခိုက်သွားသည်ဟု သတင်းအမှားများ ​ရေးသားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းများကို မကြာခဏတင်နေသည့် Nay Myo အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက အထက်ပါအတိုင်းတင်ထားရာ ဒေသခံအချို့က ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

Nay Myo အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူသည် လားရှိုးမြို့တွင်နေထိုင်သူဖြစ်ပြီး စစ်ကောင်စ်ီနှင့် နီးစပ်သူဖြစ်သည်။ စစ်ကောင်စီထုတ်ပြန်လိုသည့် သတင်းများကို ဖော်လိုဝါတစ်သိန်းကျော်ရှိနေသည့် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ကြားခံထုတ်ပြန်ပေးနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။