Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအ​နေဖြင့် အ​ရေးကြီးပစ္စည်း ယူ​ဆောင်နိုင်​ရေး အသင့်ပြင်ဆင်ထားရန် ဖယ်ခုံ ပအဖ သတိ​ပေး

အပြစ်မဲ့ပြည်သူများသည် စစ်ပွဲအတွင်း ကြိုတင်ပြင်ဆင်ချိန် အလွန်နည်းသောကြောင့် အရေးကြီး ပစ္စည်းများနှင့် အိုးအိမ်များ လက်လွတ်ဆုံးရှုံးနေရသည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံကဆိုသည်။

(ဖယ်ခုံ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF)

ဖယ်ခုံမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးပစ္စည်းများကို ယူဆောင်သွားနိုင်ရေး အသင့်အနေအထားဖြင့် ပြင်ဆင်ထားရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံက ယနေ့ (ဖေဖော်ဝါရီ ၂၃)တွင် သတိပေးထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က ထိုးစစ်ဆင်ရာတွင် ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့ ဖောက်ထွင်းခိုးယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူများ၏ အသက်လုံခြုံ ရေးနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုကို ခြောက်လှန့်နေသည်ဟု အသိပေးသည်။

အပြစ်မဲ့ပြည်သူများသည် စစ်ပွဲအတွင်း ကြိုတင်ပြင်ဆင်ချိန် အလွန်နည်းသောကြောင့် အရေးကြီး ပစ္စည်းများနှင့် အိုးအိမ်များ လက်လွတ်ဆုံးရှုံးနေရသည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံကဆိုသည်။

Public Service Announcement

ရှမ်း-ကယားနယ်စပ်ရှိ ဖယ်ခုံနှင့် မိုးဗြဲမြို့တို့တွင် ​ဖေ​ဖော်ဝါရီ ၁၆ရက်ကစ၍ အကြမ်းဖက်စစ် ကောင်စီက သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေပြီး နေ့စဥ် လက်နက် ကြီးများနှင့် လေယာဥ်များ အသုံးပြုတိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းကပင် မိုးဗြဲမြို့အခြေစိုက် (၄၂၂) တပ်မက ဖယ်ခုံမြို့နယ်ရှိ ကဖုရွာကို လက်နက်ကြီး ​ခြောက်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီ၏အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ ဦးအန်းဂျေလို(အသက် ၇၂နှစ်)နှင့် မကယ်ရိုမင်း (အသက် ၁၄နှစ်) အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ယခုလို ပြည်သူနေထိုင်ရာ ကျေးရွာရပ်ကွက်သို့ အကြောင်းမဲ့ပစ်ခတ်ခြင်းသည် စစ်ကောင်စီတပ်တို့၏ လူမဆန်သောလုပ်ရပ်ဟု ဖယ်ခုံ PDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။