Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကြောင့်နေရပ်စွန့်ခွာရသူ လေးသိန်းခွဲကျော်ရှိလာ

တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် နေရပ်စွန့်ခွာ ရသူ ဦးရေဟာ တစ်သောင်းခန့်တိုးလာပါတယ်။

စစ်ကိုင်းတိုင်း ၊ဒီပဲရင်း မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းတွေ့ရပုံ

စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး တစ်နှစ်ကျော်ကြာကာလအတွင်း နိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူဦးရေ ဟာ လေးသိန်းခွဲကျော်ရှိလာတယ်လို့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ရုံး (UNHCR) က ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာ နေထိုင်ရတဲ့ ပြည်သူတွေဟာ ခိုလှုံစရာနေရာ ၊အစားအစာ ၊သောက်သုံးရေနဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့အတွက် ပစ္စည်းတွေ မလုံလောက်မှု နဲ့ ကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဒါကြောင့် တိုက်ပွဲဖြစ်နေတဲ့ မူလနေရပ်ကိုပဲ ပြန်သွားရတာမျိုးတောင်ရှိတယ်လို့ UNHCR က ဆိုထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် နေရပ်စွန့်ခွာ ရသူ ဦးရေဟာ တစ်သောင်းခန့်တိုးလာပါတယ်။

Public Service Announcement

Public Service Announcement

နေရပ်စွန့်ခွာ ပြောင်းရွေ့ရသူတွေအတွက် ခိုလှုံစရာနေရာတွေ အများအပြား လိုအပ်နေတယ်လို့ UNHCR က ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူများပြားနေတာကြောင့် နေရပ်စွန့်ခွာ နေရသူတွေ မှာလည်း ရောဂါကူးစက်ခံနေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။