Connect with us

Hi, what are you looking for?

News

ရုရှားကယူကရိန်းကိုကျူး​ကျော်စစ် စတင်ပြီး​နောက် ​ရွှေ​ဈေးခုန်တက်

“ဥရောပမှ စစ်ဖြစ်လာတော့ ကမ္ဘာ့ရွှေဈေးက တရက်တည်းကို ဒေါ်လာ ၅၀ကျော်လောက်တက်သွားတယ်၊ ဒါကြောင့် ပြည်တွင်းမှာလည်း ဈေးတက်လာတာ”ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(​အ​ခေါက်​ရွှေ​ဈေးမှာတစ်ရက်တည်း ​လေး​သောင်း​ကျော်တက်သွားသည် ။ ဓါတ်ပုံ-Economic Time)

●​​ဖေ​ဖော်ဝါရီ ၂၄ တွင်ပြည်တွင်း​ဒေါ်လာ​ဈေးငြိမ်​နေပြီး စက်သုံးဆီ​ဈေးအနည်းငယ်စတက်

ရုရှားကယူကရိန်းနိုင်ငံကိုကျူးကျော်စစ်တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာရွှေဈေးမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာကာ အခေါက်ရွှေတစ်ကျပ်သားကျပ် ၁၉သိန်းခွဲခန့်အထိ​ဈေး​ပေါက်လာသည်။

ယမန့်နေတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၉၀၄၀၀၀ကျပ်ပေါက်ဈေးရှိခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်)တွင် တစ်ကျပ်သား ကျပ်​လေး​သောင်း​ကျော်တက်သွားပြီး ၁,၉၄၅,၀၀၀ကျပ်သို့မြင့်တက်လာသည်ဟု အောင်သမာဓီရွှေဆိုင်က ကြေငြာထားသည်။

“ဥရောပမှ စစ်ဖြစ်လာတော့ ကမ္ဘာ့ရွှေဈေးက တရက်တည်းကို ဒေါ်လာ ၅၀ကျော်လောက်တက်သွားတယ်၊ ဒါကြောင့် ပြည်တွင်းမှာလည်း ဈေးတက်လာတာ”ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ရွှေဈေးသည် ယမန့်နေ့(ဖေဖော်ဝါရီ-၂၃ ရက်)တွင် ရွှေတစ်အောင်စကို ဒေါ်လာ ၁၈၉၅ ပေါက်ဈေးရှိခဲ့သော်လည်း ယနေ့တွင် တစ်အောင်စကို ဒေါ်လာ ၁၉၄၇ အထိမြင့်တက်လာသည်။

လက်ရှိကမ္ဘာစစ်ရေးအခြေအနေကြောင့် ရွှေဈေးနှင့် ဒေါ်လာဈေးမှာ အတက်အကျ မတည်မငြိမ်ဖြစ်နိုင်ပြီး ပြည်တွင်းရွှေဈေးမှာလည်း ဆက်လက်တက်ဖွယ်ရှိသည်ဟု ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။

“ဒီတစ်ရက်တည်းမှာ တရှိန်ထိုးတက်လာ။အရင်ရက်တွေကတည်းက တဖြေးဖြေးတက်နေတာ အခုတော့ ဗြောင်းဆန်​အောင် တက်သွားတာ”ဟု ၎င်းကဆက်​ပြောသည်။

ရွှေဈေးမြင့်တက်လာသော်လည်း ပြည်တွင်းဒေါ်လာဈေးမှာ အတက်အကျသိပ်မရှိ​ပေ ။ပြင်ပ မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၁၉၆၅ကျပ်မှ ၁၉၈၀ကျပ်အတွင်းရှိနေသည်ဟုငွေလဲလုပ်ငန်းဆောင်ရွက်နေသူများထံမှ သိရသည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စက်သုံးဆီလည်းမြင့်တက်လာပြီး ကမ္ဘာ့ဈေးကွက်တွင် ရေနံတစ်ပေပါကို ဒေါ်လာ ၁၀၀ အထိမြင့်တက်လာသည်။ ပြည်တွင်းဈေးကွက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ​ဖေ​ဖော်ဝါရီ ၂၃ ရက်တွင် ၁၆၇၅ ကျပ်မှ ယ​နေ့တွင် ၁၇၂၀ကျပ်သို့တက်လာပြီး အောက်တိန်း ၉၅ တစ်လီတာမှာ ​​ဖေ​ဖော်ဝါရီ ၂၃ ရက်က ၁၇၃၀ ကျပ်မှ ယ​နေ့ တွင်၁၇၇၀ကျပ်သို့မြင့်တက်လာသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။