Connect with us

Hi, what are you looking for?

News

ပူတာအိုနှင့် နောင်ချိုတွင် စစ်ကောင်စီတပ်များကို KIA တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ ဂျက်တိုက် လေယာဉ်နှစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရှိန်ဂတ်ဘွမ် အနီးတဝိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ဖေဖော်ဝါရီ ၂၂ရက်နှင့် ၂၃ရက် တိုက်ပွဲသတင်းများကို KIAသတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ(၁) ၊ တပ်ရင်း(၇)နယ်မြေ ပူတာအိုမြို့နယ် ဖတ်မာဘက်မှဆင်းလားသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၃ရက်က KIAတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်အင်အားအပြည့် တင် ဆောင်လာသည့် အဆိုပါ စစ်ယာဉ်တန်းအား မူလာရှီးဒီး နှင့် ဖတ်မာရွာအကြား၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကို ဖော်ပြမထားပေ။

ထို့အပြင် လုံရှာယန်နှင့် တန်ဂျာကျေးရွာအကြားတွင်လည်း ဖေဖော်ဝါရီ ၂၂ရက်က ခြေလျင်စစ်ကြောင်းဖြင့် ပူတာအိုမှ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် KPDFပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ ဂျက်တိုက် လေယာဉ်နှစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရှိန်ဂတ်ဘွမ် အနီးတဝိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်လာခြင်းကြောင့် လုံရှာယန်နှင့်တန်ဂျာကျေးရွာ ဒေသခံများ တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။

အဆိုပါဒေသတွင် ဖေဖော်ဝါရီ ၁ရက်မှစ၍ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်း အချို့ကို KIA/PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဒေသခံအချို့ ထိခိုက်မှုများရှိပြီး ဒေသခံပြည်သူ ထောင်ဂဏန်းလည်း လက်ရှိအချိန်ထိ တောတောင်ထဲ ထွက် ပြေးတိမ်းရှောင်နေရကြောင်း KIAသတင်းနှင့် ပြန်ကြား ရေးဌာနက ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၃ရက်ကလည်း KIA တပ်မဟာ(၄) တပ်ရင်း(၃၄)နယ်မြေ နောင်ချိုဘူတာရုံ၌ ရှိ စစ်ကောင် စီတပ်ကိုလည်း KIAက သွားရောက်တိုက်ခိုက်ခဲ့၍ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုများရှိမရှိကို ဖော်ပြမထားပေ။

KIA နှင့် PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိ စစ်ကောင်စီတပ်ဂိတ်ကိုလည်း သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။