ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(မတ် ၁)ထုတ်ပြန်သည်။
ရန်ကုန်မြို့ မှော်ဘီမြို့နယ် သဲဖြူစစ်မှုထမ်းဟောင်းကျေးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၈ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YGN Urban Guerilla Army(YUGA)အဖွဲ့က ထုတ်ပြန် သည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ စစ်သားတစ်ဦးနှင့် ရဲတစ်ဦးသေဆုံးသွားကြောင်း YUGAထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မန္တလေးမြို့ပေါ်တိုက်ခိုက်မှုတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စစ်မှုမြို့သစ် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ယောမင်းကြီးရှိ ကနောင်စစ် ဆေးရေးဂိတ်အား ယနေ့ နေ့လယ် ၂နာရီခန့်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Guerilla Force Of Mandalay(GRA)က ထုတ် ပြန်သည်။

Public Service Announcement
“အဓိကက ကျွန်တော်တို့ ကြေညာထားသလိုဘဲ စကစနဲ့ပတ်သက်တဲ့အရာမှန်သမျှ အကုန်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်”ဟု GRA တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုတိုက်ခိုက်မှုကို Guerilla Force Of Mandalay(GRA)နှင့် Eagle Brothers People’s Defense MDY တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။


















































