Connect with us

Hi, what are you looking for?

News

သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးသေ

ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။

(စစ်ကိုင်းတိုင်း အတွင်းရှိပျူ​စောထီးအား​ကောင်း​သော ​ကျေးရွာများတွင် သံဃာအချို့ပါ အကြမ်းဖက်စသ်​ကောင်စီက စစ်သင်တန်း​ပေး​နေသည်)

သံဃာတစ်ပါးဦးဆောင်သော စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Chaung U Revolution Army (C.R.A) အဖွဲ့က ယနေ့(မတ် ၃)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီထောက်တိုင်ဖြစ်​သော ကံကြီးကုန်းရွာမှ သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့သည် ယနေ့(မတ် ၃ ရက်)တွင် ဝယာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်များနှင့် ကွမ်းခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အဆိုပါအဖွဲ့မှာ ဝယာကျေးရွာအတွင်း ဝင်ရောက်စဥ် ပြည်သူများကြောက်လန့်စေရန် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွက် ပါရှိသည်။

ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Chaung U Revolution Army ( C.R.A ) နှင့် Chaung U Local Defence Force ( CHU- LDF )တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုထောက်ခံသူများအားစုစည်း၍ စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်အချို့တွင် သေနတ်ပစ်သင်တန်းများပေးလျက်ရှိရာ သံဃာအချို့လည်းပါဝင်သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ