Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထုတ်ကုန်များ မရောင်းရန်၊ ဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် အခွန်မကောက်ရန် ပခုက္ကူ(ပအဖ) က ဒေသန္တရအမိန့်ထုတ်ပြန်

မြန်မာဘီယာနှင့်Red Ruby ကဲ့သို့ပစ္စည်းများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း သယ်ယူခြင်း စိစစ်တွေ့ရှိပါက ကုန်ပစ္စည်းအားသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားအုပ်ချုပ်မှုနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်မည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့်၎င်းတို့၏ထောက်တိုင် ကုမ္ပဏီ၊ စက်ရုံများမှထွက်ရှိသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအား လာမည့် မတ်လ၂၀ရက်မှစ၍ ရောင်းချသယ်ယူခြင်း လုံး၀မပြုရဟု ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။

လက်ရှိ တော်လှန်ရေးအရှိန်အဟုန်ပိုမို မြင့်လာစေရန်သော်လည်းကောင်း၊ ပြည်သူလူထူတစ်ဦးချင်းစီ၏ လူမှုဘ၀လုံခြုံမှု‌အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် သော်လည်းကောင်း ရည်ရွယ်၍ ယခု ဒေသန္တရအမိန့် ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုကြေညာသည်။

မြန်မာဘီယာနှင့်Red Ruby ကဲ့သို့ပစ္စည်းများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း သယ်ယူခြင်း စိစစ်တွေ့ရှိပါက ကုန်ပစ္စည်းအားသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားအုပ်ချုပ်မှုနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်မည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ အနေဖြင့် မတ်လ ၂၀ရက်နောက်ဆုံးထား၍ အမြန်ဆုံး CDM ပြုလုပ်သွားကြရန်လည်း ပခုက္ကူ(ပအဖ)က ကြေညာသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်မည်ဆိုပါက ယင်းပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်အား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ယူမည်မဟုတ်သည့်အပြင် မိမိလုပ်ရပ်နှင့်ထိုက်သင့်သောပြစ်ဒဏ်ကို ခံယူရမည်ဟု အသိပေးထားသည်။

ပြည်သူလူထုစီးပွားရေးခက်ခဲနေချိန်တွင် စစ်ကောင်စီကျည်ဆန်၊လက်နက်ခဲယမ်းဖြစ်စေမည့် ရေမီတာ၊ လျှပ်စစ်မီတာစသည့် အခွန်အခ‌များကောက်ခံခြင်း လုံး၀မပြုလုပ်ရန် ပခုက္ကူ(ပအဖ)က တားမြစ်သည်။

ကောက်ခံသည့်ပုဂ္ဂိုလ်၊ ဌာန/အဖွဲ့အစည်းများ၏ အသက်အိုးအိမ် လုံခြုံရေးကိစ္စအား ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ အာမခံချက်လုံး၀(လုံး၀)ပေးမည်မဟုတ်ကြောင်း၊ သက်‌ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့များ၏ ဆုံးဖြတ်ချက်နှင့်အညီသာ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုအာဏာလုကာလအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပျူစောထီးဆိုသူများအနေဖြင့် ရပ်၊ရွာအတွင်းရှိပြည်သူလူထုအား အကြမ်းဖက်၊ဓါးပြဆန်ဆန် ကိုယ်ထိလက်ရောက်ပြမူခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်နေသည့် လုပ်ရပ်များ ချက်ချင်းရပ်တန့်ကြရန်လည်း ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဆောင်ရွက်မည်‌ဆိုပါက မြို့နယ်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ထိရောက်စွာအရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ဌာနများ၊ ဆက်စပ်ရာနေရာများသို့သွားရောက်ခြင်း၊ပတ်သက်ဆက်နွယ်ခြင်းများမပြုရန်၊ အကြမ်းဖက်များသည် အကြောင်းပြချက်မရှိ စစ်ဆေးဖမ်းဆီးနှိပ်စက်ခြင်းများ ပြုမူလေ့ရှိသောကြောင့် မလိုအပ်ဘဲပြင်ပထွက်ခွာခြင်း၊ ခရီးသွားလာခြင်းများရှောင်ရှားပေးကြရန်လည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။