Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ မရောင်းရန်၊ ဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် အခွန်မကောက်ရန် ပခုက္ကူ(ပအဖ) က ဒေသန္တရအမိန့်ထုတ်ပြန်

မြန်မာဘီယာနှင့်Red Ruby ကဲ့သို့ပစ္စည်းများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း သယ်ယူခြင်း စိစစ်တွေ့ရှိပါက ကုန်ပစ္စည်းအားသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားအုပ်ချုပ်မှုနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်မည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့်၎င်းတို့၏ထောက်တိုင် ကုမ္ပဏီ၊ စက်ရုံများမှထွက်ရှိသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအား လာမည့် မတ်လ၂၀ရက်မှစ၍ ရောင်းချသယ်ယူခြင်း လုံး၀မပြုရဟု ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။

လက်ရှိ တော်လှန်ရေးအရှိန်အဟုန်ပိုမို မြင့်လာစေရန်သော်လည်းကောင်း၊ ပြည်သူလူထူတစ်ဦးချင်းစီ၏ လူမှုဘ၀လုံခြုံမှု‌အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် သော်လည်းကောင်း ရည်ရွယ်၍ ယခု ဒေသန္တရအမိန့် ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုကြေညာသည်။

မြန်မာဘီယာနှင့်Red Ruby ကဲ့သို့ပစ္စည်းများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း သယ်ယူခြင်း စိစစ်တွေ့ရှိပါက ကုန်ပစ္စည်းအားသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားအုပ်ချုပ်မှုနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်မည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ အနေဖြင့် မတ်လ ၂၀ရက်နောက်ဆုံးထား၍ အမြန်ဆုံး CDM ပြုလုပ်သွားကြရန်လည်း ပခုက္ကူ(ပအဖ)က ကြေညာသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်မည်ဆိုပါက ယင်းပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်အား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ယူမည်မဟုတ်သည့်အပြင် မိမိလုပ်ရပ်နှင့်ထိုက်သင့်သောပြစ်ဒဏ်ကို ခံယူရမည်ဟု အသိပေးထားသည်။

ပြည်သူလူထုစီးပွားရေးခက်ခဲနေချိန်တွင် စစ်ကောင်စီကျည်ဆန်၊လက်နက်ခဲယမ်းဖြစ်စေမည့် ရေမီတာ၊ လျှပ်စစ်မီတာစသည့် အခွန်အခ‌များကောက်ခံခြင်း လုံး၀မပြုလုပ်ရန် ပခုက္ကူ(ပအဖ)က တားမြစ်သည်။

ကောက်ခံသည့်ပုဂ္ဂိုလ်၊ ဌာန/အဖွဲ့အစည်းများ၏ အသက်အိုးအိမ် လုံခြုံရေးကိစ္စအား ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ အာမခံချက်လုံး၀(လုံး၀)ပေးမည်မဟုတ်ကြောင်း၊ သက်‌ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့များ၏ ဆုံးဖြတ်ချက်နှင့်အညီသာ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုအာဏာလုကာလအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပျူစောထီးဆိုသူများအနေဖြင့် ရပ်၊ရွာအတွင်းရှိပြည်သူလူထုအား အကြမ်းဖက်၊ဓါးပြဆန်ဆန် ကိုယ်ထိလက်ရောက်ပြမူခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်နေသည့် လုပ်ရပ်များ ချက်ချင်းရပ်တန့်ကြရန်လည်း ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဆောင်ရွက်မည်‌ဆိုပါက မြို့နယ်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ထိရောက်စွာအရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ဌာနများ၊ ဆက်စပ်ရာနေရာများသို့သွားရောက်ခြင်း၊ပတ်သက်ဆက်နွယ်ခြင်းများမပြုရန်၊ အကြမ်းဖက်များသည် အကြောင်းပြချက်မရှိ စစ်ဆေးဖမ်းဆီးနှိပ်စက်ခြင်းများ ပြုမူလေ့ရှိသောကြောင့် မလိုအပ်ဘဲပြင်ပထွက်ခွာခြင်း၊ ခရီးသွားလာခြင်းများရှောင်ရှားပေးကြရန်လည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။