Connect with us

Hi, what are you looking for?

News

ရှမ်း-ကရင်နီ နယ်ကြားတိုက်ပွဲ ၁၇ရက်တာကြာမြင့်ပြီဖြစ်​သော်လည်း စစ်​ကောင်စီတပ်ကို ကျားကုတ်ကျားခဲ ခုခံ​နေဟု လွိုင်​ကော်PDF အသိ​ပေး

ဖေဖော်ဝါရီ ၁၅ရက်က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲသည် ယနေ့ (မတ်လ ၄ ရက်)ထိတိုင်လျှင် ၁၇ရက်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲစစ်မျက်နှာမှာလည်း မိုးဗြဲမှ နန့်မယ်ခုံ၊ နန့်မယ်ခုံမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတစ်ဝိုက်ကို ရောက်ရှိလာသည်။

(ကရင်နီပြည်တွင် စစ်​ကောင်စီတပ်အား ခုခံ​တိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - လွိုင်​ကော် PDF)

▪️နိုင်ငံတဝန်းပြည်သူများ ပူး​ပေါင်းဝန်းရံ​ပေးကြရန် ​​တောင်းဆို

ရှမ်း-ကယား(ကရင်နီ)ပြည်နယ်အစပ် တိုက်ပွဲများမှာ ၁၇ ရက်တာကြာမြင့်ပြီဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များကို နားရက်မရှိ ဆက်လက်ခုခံနေမည်ဟု လွိုင်ကော် PDFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ရက်က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲသည် ယနေ့ (မတ်လ ၄ ရက်)ထိတိုင်လျှင် ၁၇ရက်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲစစ်မျက်နှာမှာလည်း မိုးဗြဲမှ နန့်မယ်ခုံ၊ နန့်မယ်ခုံမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတစ်ဝိုက်ကို ရောက်ရှိလာသည်။

(ကရင်နီပြည်တွင် စစ်​ကောင်စီတပ်အား ခုခံ​တိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – လွိုင်​ကော် PDF)

၁၇ရက်တာ ကြာမြင့်ပြီဖြစ်သော တိုက်ပွဲများတွင် လွိုင်ကော် PDFအပြင် ကရင်နီတပ်မ တော်KA၊ ကရင်နီ အမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ KNDF ၊ ဒီမောဆိုး PDF နှင့် အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ နှင့်အတူ အခြားသော မဟာမိတ်တပ်ပေါင်းစုများလည်း ပူးပေါင်း ပါဝင်ကာ နေ့စဉ် ၂၄ နာရီ တာဝန်ခွဲဝေပြီး တိုက်ပွဲဝင်ကာ အကြမ်းဖက်စစ်အုပ်စု​ကို ခုခံနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(ကရင်နီပြည်တွင် စစ်​ကောင်စီတပ်အား ခုခံ​တိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – လွိုင်​ကော် PDF)

အကြမ်းဖက်အုပ်စုသည် မိုးဗြဲမှ စတင်စစ်ကြောင်း ထိုးဝင်လာပြီး ၎င်းတို့ စစ်ကြောင်းဦးတည်ချက်မှာ ဒီးမော့ဆို မြို့ဆီသို့ ဖြစ်သည်။

မိုးဗြဲနှင့် ဒီးမော့ဆိုသည် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် ခရီးဖြစ်ပြီး ယခုထိုစစ်အား အကြမ်းဖက် စစ်ကောင်စီသည် တင့်ကား ၊တာဝေးပစ် ဒုန်းကား ၊ ရဟပ်ယာဉ် ၊ လေယာဉ်အပါအဝင် ခြေလျှင်တပ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် ပင်မစစ်ကြောင်း သုံးကြောင်း၊ အရံစစ်ကြောင်းမြောက်များစွာသုံးကာ တိုးဝင်လာသည်ဟု လွိုင်ကော် PDF က ဆိုသည်။

(ကရင်နီပြည်တွင် စစ်​ကောင်စီတပ်အား ခုခံ​တိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – လွိုင်​ကော် PDF)

အကြမ်းဖက်အုပ်စုသည် လူ၊လက်နက်အင်အားအလွန်အကျွံသုံးကာ ရေကုန်ရေခမ်း တိုးဝင်နေကြခြင်းဖြစ်ပြီး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများမှလည်း ကျားကုတ်ကျားခဲ ခုခံစစ်ဆင်နွှဲနေရကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်အုပ်စုမှ နေ့စဉ်နှင့်အမျှ အသေအ ပျောက်များစွာ ရှိပြီး ထိုအရေအတွက်ကို အတည်မပြုနိုင်သော်လည်း မျက်မြင်ရဲဘော်များ၏ အတည်ပြုချက်များ ရရှိထားကြောင်စလည်း သိရသည်။

(ကရင်နီပြည်တွင် စစ်​ကောင်စီတပ်အား ခုခံ​တိုက်ခိုက်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – လွိုင်​ကော် PDF)

ယခုနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကျဆုံးမှုနည်းပါးပြီး မိုးဗြဲနှင့် ဝါရီဆူးပလိုင်ရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်က ကျဆုံးမှု ဒဏ်ရာရမှု ပမာဏ များပြားခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုကျစ်လစ်စွာ တိုက်ခိုက်နိုင်ကြပြီး ဆုံးရှုံးထိခိုက်မှု ပမာဏကို အနိမ့်ဆုံးထိ လျော့ချနိုင်ခဲ့ကြောင်း လွိိုင်ကော် PDFက ပြောသည်။

သို့သော် ပြည်သူများ စစ်ရှောင်ပမာဏမှာ နေ့စဉ်နှင့်အမျှ တရိပ်ရိပ် တိုးပွားလာကာ ကာကွယ်ရေးတပ်များ၏ လိုအပ်ချက်များလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လျှက်ရှိသည့်အတွက် နိုင်ငံနှင့်အဝန်းမှ ပြည်သူများမှ ဝန်းရံကူညီ ပူးပေါင်းပေးပါရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။