Connect with us

Hi, what are you looking for?

News

ကျောက်ဆည်ကန် တိုက်ပွဲ စစ်ကောင်စီတပ် ၄၀ကျော်သေဟု KDFထုတ်ပြန်

ယနေ့ မွန်းလွဲ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒီးမော့ဆို ဒေါငံခါးဘက်သို့ လေကြောင်းမှ ​ခြောက်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း မီးလောင်မူ တစ်ချို့ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း KDFက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ဒေသတွင် ယနေ့နံနက် အစောပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် KDF၊ JPDF၊ KNDF၊ ဒီးမော့ဆို PDFတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင် KDF နှင့် DMO PDF တို့ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများထံမှ လက်နက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ MA -1 အမျိုးအစားခေါ် သေနတ် ၂လက်ရရှိခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KDFက ဆိုသည်။

ယနေ့ မွန်းလွဲ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒီးမော့ဆို ဒေါငံခါးဘက်သို့ လေကြောင်းမှ ​ခြောက်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း မီးလောင်မူ တစ်ချို့ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း KDFက ထုတ်ပြန်သည်။

ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး အရှင်ဖမ်းမိထားပြီး လက်နက် ၇လက်ရရှိထားကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ညနေပိုင်းတွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook