Connect with us

Hi, what are you looking for?

News

ပြင်ဦးလွင်က လယ်မြေပေါ်ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့အဆောက်အအုံတွေ ရှင်းဖို့ စစ်ကောင်စီ စီစဉ်

ခွင့်ပြုချက်မရဘဲဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ၁၄ ရက်အတွင်း ရှင်းလင်းမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေမှာ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

ခွင့်ပြုချက်မရဘဲဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ၁၄ ရက်အတွင်း ရှင်းလင်းမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

မဖယ်ရင်အရေးယူမယ်လို့လည်းဆိုထားပါသေးတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ရေချမ်းအိုး ကျေးရွာအုပ်စုမှာရှိတဲ့ ရေချမ်းအိုးကျေးရွာက လယ်မြေတွေပေါ်မှာ ဆောက်လုပ်ထားတဲ့အဆောက်အအုံတွေ ဖယ်ရှားပေးရမယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မှာ လယ်မြေတွေကို အကွက်ရိုက်ပြီးရောင်းချတာတွေ ရှိနေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်​နေတယ် ဆိုပြီး စစ်တပ်လက်​အောက်ရှိ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ၊ အင်ဂျင်နီယာဌာန (အ​ဆောက်အအုံ)က အရာရှိ​တွေ ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူး​တွေ ၊ကန်ထရိုက်တာ​တွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးဌာန) က ဖမ်းဆီးစစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook