Connect with us

Hi, what are you looking for?

LuduNwayOo

News

အချိန်ပိုင်းမီးဖြတ်တောက်မယ့် ကာလအတွင်း ဆက်သွယ်ရေးအခက်အခဲ ယာယီရှိနိုင်တယ်လို့ တယ်လီနော အသိပေး

နိုင်ငံအနှံ့မီးဆိုးဆိုးရွားရွားပျက်တောက်နေတဲ့ကြားထဲကနေ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်အထိ လျှပ်စစ်မီးပေးတာကို အချိန်ပိုင်းလျော့ကျမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

ဓာတ်ပုံ - သုံးစွဲသူတွေထံ ဒီနေ့ ပေးပို့လာတဲ့ တယ်လီနောမြန်မာရဲ့ မက်ဆေ့ချ်

ဒီနေ့က စတင်ပြီး ရက်သတ္တပတ် တစ်ပတ်ကြာ နေရာအချို့မှာ လျှပ်စစ်မီးအချိန်ပိုင်းဖြတ်တောက်မယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် အဲဒီကာလအတွင်း ယာယီခဏ ဆက်သွယ်ရေးအခက်အခဲတွေရှိနိုင်တယ်လို့ တယ်လီနောမြန်မာက သုံးစွဲသူတွေထံ မက်ဆေ့ချ်ပေးပို့လာပါတယ်။

နိုင်ငံအနှံ့မီးဆိုးဆိုးရွားရွားပျက်တောက်နေတဲ့ကြားထဲကနေ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်အထိ လျှပ်စစ်မီးပေးတာကို အချိန်ပိုင်းလျော့ကျမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

ဒါကြောင့် အဲဒီအချိန်ကာလအတွင်း ယာယီခဏ ဆက်သွယ်ရေးအခက်အခဲ ရှိနိုင်ပြီး အဆင်မပြေမှုတွေအတွက် နားလည်ပေးဖို့ တယ်လီနောမြန်မာက မေတ္တာရပ်ခံထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ရက်ကစပြီး ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်တာ၊ အင်တာနက် ဖြတ်တောက်တာတွေကို လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လုပ်ဆောင်ဖို့အတွက်ကိုလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်ကောင်စီက စေခိုင်းတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တိုက်ပွဲတွင် တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိ အပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။