Connect with us

Hi, what are you looking for?

News

အချိန်ပိုင်းမီးဖြတ်တောက်မယ့် ကာလအတွင်း ဆက်သွယ်ရေးအခက်အခဲ ယာယီရှိနိုင်တယ်လို့ တယ်လီနော အသိပေး

နိုင်ငံအနှံ့မီးဆိုးဆိုးရွားရွားပျက်တောက်နေတဲ့ကြားထဲကနေ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်အထိ လျှပ်စစ်မီးပေးတာကို အချိန်ပိုင်းလျော့ကျမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

ဓာတ်ပုံ - သုံးစွဲသူတွေထံ ဒီနေ့ ပေးပို့လာတဲ့ တယ်လီနောမြန်မာရဲ့ မက်ဆေ့ချ်

ဒီနေ့က စတင်ပြီး ရက်သတ္တပတ် တစ်ပတ်ကြာ နေရာအချို့မှာ လျှပ်စစ်မီးအချိန်ပိုင်းဖြတ်တောက်မယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် အဲဒီကာလအတွင်း ယာယီခဏ ဆက်သွယ်ရေးအခက်အခဲတွေရှိနိုင်တယ်လို့ တယ်လီနောမြန်မာက သုံးစွဲသူတွေထံ မက်ဆေ့ချ်ပေးပို့လာပါတယ်။

နိုင်ငံအနှံ့မီးဆိုးဆိုးရွားရွားပျက်တောက်နေတဲ့ကြားထဲကနေ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်အထိ လျှပ်စစ်မီးပေးတာကို အချိန်ပိုင်းလျော့ကျမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

ဒါကြောင့် အဲဒီအချိန်ကာလအတွင်း ယာယီခဏ ဆက်သွယ်ရေးအခက်အခဲ ရှိနိုင်ပြီး အဆင်မပြေမှုတွေအတွက် နားလည်ပေးဖို့ တယ်လီနောမြန်မာက မေတ္တာရပ်ခံထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ရက်ကစပြီး ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်တာ၊ အင်တာနက် ဖြတ်တောက်တာတွေကို လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လုပ်ဆောင်ဖို့အတွက်ကိုလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်ကောင်စီက စေခိုင်းတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမြို့နယ်အများအပြားကို ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်နေတာဟာ ပြည်တွင်း သတင်းစီးဆင်းမှုကို ရပ်တန့်စေပြီး စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးကွယ်နိုင်ဖို့အတွက် အပါအဝင် အဓိကရည်ရွယ်ချက် သုံးရပ်အတွက်လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောပါတယ်။

သတင်း

၈၈မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သုံးစွဲသူများ အသက်အန္တရာယ်ရှိနိုင်သည့် သတင်းအချက်အလက်များကို အာဏာသိမ်းစစ်ကောင်စီထံ ပေးပို့သည်ဟုဆိုကာ တယ်လီနောကုမ္ပဏီကို နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားကြောင်း Justice For Myanmarက ထုတ်ပြန်သည်။

သတင်း

ငလျင်ဒဏ်သင့်ပြီး နှစ်ရက်ကြာသည်အထိ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်း

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။