နိုဝင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမြို့နယ်အများအပြားကို ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်နေတာဟာ ပြည်တွင်း သတင်းစီးဆင်းမှုကို ရပ်တန့်စေပြီး စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးကွယ်နိုင်ဖို့အတွက် အပါအဝင် အဓိကရည်ရွယ်ချက် သုံးရပ်အတွက်လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၅ရက်နေ့မှာ “ မြန်မာ့ပြည်တွင်းဖြစ်၊ စစ်တပ်မှ ပြုလုပ်သည်” ဆက်သွယ်ရေးလိုင်း ပြတ်တောက်ခြင်းရဲ့ အကျိုးဆက် သုတေသနစာတမ်းတိုကို အသံအဖွဲ့က မိတ်ဆက်ထုတ်ပြန်ခဲ့ရာ သုတေသီတဦးက အခုလို ရှင်းပြခဲ့တာပါ။
စစ်တပ်အင်တာနက်လိုင်းဖြတ်တောက်တာဟာ သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖုံးကွယ်ဖို့အပြင်စစ်ရေးအရအသာစီးရယူနိုင်ဖို့ တော်လှန် ရေးတပ်ဖွဲ့တွေအကြားချိတ်ဆက်မှုတွေဖြတ်တောက်ပြီးအင်အား လျော့ နည်းလာစေဖို့၊ စစ်တပ်က နောက်ပိုင်းမှာ ပြုလုပ်လာတဲ့ သတင်းတု သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ အသံအဖွဲ့က သုတေသီက ပြောပါတယ်။

Public Service Announcement
” စစ်တပ်က သူတို့ရဲ့အရင်အရင်တုန်းက သုံးခဲ့တဲ့ ဝါဒဖြန့်မှုတွေက အရမ်းထိရောက်မှုမရှိတော့တဲ့အတွက် နောက်ပိုင်းမှာ သစ်လွင်ဆန်းသစ်တဲ့ နည်းလမ်းတွေအသုံးပြုလာတယ် လို့ အသံအဖွဲ့က သုတေသီက စာတမ်းတိုကို မိတ်ဆက်ရာမှာ ထည့်သွင်း ပြောပါတယ်။
နာမည်ကြီးအနုပညာရှင်တွေ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားဟောင်းတွေ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာလူသိများသူတွေကိုနောက်ကွယ်က ထိန်း ချုပ်ပြီး ဖျော်ဖြေရေး၊ တင်ဆက်ရေး၊ လှုပ်ရှားမှုတွေကတဆင့် စစ်တပ်နဲ့ သက်ဆိုင်တဲ့ဝါဒဖြန်ချိမှုတွေ တပြိုင်နည်တည်း လုပ်ဆောင်စေတာ တွေ့ရှိရကြောင်း သူက ပြောပါတယ်။
စစ်တပ်ကလူထုရဲ့အမြင်တွေကိုဝေဝါးပြီး ပြောင်းလဲစေဖို့၊ တော်လှန်ရေး၊ နိုင်ငံရေး နဲ့သက်ဆိုင်တဲ့ လူထုရဲ့ ခံယူချက် ယူဆချက်တွေ ယိုင်နဲ့လာအောင် လုပ်ဆောင်ဖို့ ဝါဒဖြန့်မှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာလွတ်လပ်တဲ့သတင်းမီဒီယာကဏ္ဍကိုလည်း စစ်တပ်ထောက်ခံအားပေးသူ တစုရဲ့ အကူအညီနဲ့ သတင်းသမားတွေကိုဖမ်းဆီးထောင်ချတာ၊ မီဒီယာတွေကိုပိတ်သိမ်းတာတွေလုပ် ဆောင်ခဲ့သလို လူထုရဲ့ လတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဆုံးစွန်အထိ ကန့်သတ်ဖို့ ကြိုးစားနေကြောင်း အသံအဖွဲ့က သုတေသီက ပြောပါတယ်။
အသံအဖွဲ့က ပြုလုပ်ခဲ့တဲ့ စာတမ်းတို မှာ မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုအခြေအနေ၊စစ်တပ်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းဗျူဟာ၊ အတုအယောင် ရွေးကောက်ပွဲနဲ့ စစ်တပ်ဝါဒဖြန့်ချိမှုများ၊ ဆက်သွယ်၍လိုင်း ပြတ်တောက်ခြင်းရဲ့ အကျိုးဆက်( နောက်ဆက်တွဲလူ့အခွင့်အရေး ချိုးဖောက်မှုများ) စတဲ့ တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။
“အင်တာနက်မြန်နှုန်းလျှော့ချတယ် အဓိက 2G၊ 3Gလိုမျိုးဖြစ်သွားတဲ့ ဟာမျိုးတွေဒီအပိုင်းတွေပါမယ်” လို့ စစ်အုပ်စုက ပြုလုပ်တဲ့ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်မှု ပုံစံကို ရှင်းပြပါတယ်။
အင်တာနက်ပြတ်တောက်တာ၊ဖုန်းအင်တာနက်နှစ်မျုးလုံးပြတ်တောက် တာ တွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာတနိုင်ငံလုံးအတိုင်းအတာ အင်တာနက်လိုင်းဖြတ်တောက်တာ၊ ဒေသ၊ မြို့နယ်အလိုက် အင်တာနက်ဖြတ်တောက်တာ၊ နေ့ရက်၊ အချိန်အလိုက် အင်တာနက်ဖြတ်တောက်တာ တွေလုပ်ဆောင်ခဲ့တာ တွေ့ရကြောင်း အသံအဖွဲ့က ပြောပါတယ်။
နေ့ရက်အလိုက် အချိန်အလိုက်ဖြတ်တောက်တာမှာ ဂျန်ဘာလို့ စက်ပစ္စည်းတွေ သုံး ဖြတ်တောက်တာ အပြင် VPNနဲ့ အခြား ဆော့ဝဲတွေကို ပိတ်ပင်ကန့်သတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အခမဲ့ သုံးခွင့်ရတဲ့ VPN တွေဟာ စစ်တပ်ရဲ့ ပိတ်ပင်ခံထားရကြောင်း ပြောပါတယ်။
အခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်ခံရတဲ့မြို့နယ်အရေအတွက်ကိုဖော်ပြခဲ့ရာ ဇန်နဝါရီမှာ ၉၁မြို့နယ် ဆက်သွယ်ရေးလိုင်း ပြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၁၀၂ မြို့နယ်၊ မတ်မှာ ၁၀၇မြို့နယ်၊ ဧပြီမှာ ၁၃၇ မြို့နယ်၊ မေလမှာ ၁၂၆ မြို့နယ်၊ ဇွန်လမှာ ၁၃၀မြို့နယ်၊ ဇူလိုင်မှာ ၁၃၁မြို့နယ်၊ ဩဂုတ်မှာ ၁၃၂မြို့နယ်နဲ့ စက်တင်ဘာ ၁၃၁ မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။














































