Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်တိုးမြှင့်သွားမည်ဟု မန္တလေး PDF အသိပေး

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF)

▪️စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိဟုဆို

ဇေအောင်/People’s Spring

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ (ဒီဇင်ဘာ ၃၀ရက်) ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၄တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း အသိပေးသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY-PDF)

ထို့ကြောင့် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တလေး PDF၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ကြောင်းနှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က”ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)အနေနဲ့ ဒီစစ်ကိုင်းတပ်မဟာ ဖွဲ့စည်းရတဲ့အကြောင်းရင်းက လက်ရှိ ကျွန်တော်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဒီစစ်ကိုင်းဘက်မှာရှိတဲ့ အချို့သောနယ်မြေတွေဟာ ပထဝီအနေအထားအရ ထိဆက်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ရှေ့လာမယ့်စစ်ဆင်ရေးတွေကို စဥ်းစားတဲ့အခါမှာ စစ်ကိုင်းဘက်ခြမ်းကို မဖြစ်မနေ ထည့်သွင်းစဥ်းစားရတာမျိုးတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ ၂၀၂၅ ခုနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ စစ်ရေးအရှိန်မြှင့်ဖို့ လုပ်ငန်းစဥ်တွေထဲက တစ်ခုအနေနဲ့ တပ်မဟာကို ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY-PDF)

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့်Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက”တော်လှန်ရေးရဲ့ ခရီးအမြန်ပေါက်ဖို့ကတော့ မည်သူမဆို တွန်းတွန်းတိုက်တိုက်နဲ့လုပ်ဖို့လိုပါတယ်။ မန္တလေး PDFကလည်း အားကောင်းတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ​ကောင်းသောဘက်ကိုဦးတည်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ မြေပြင်မှာလည်း အဖွဲ့များစွာ MODလည်း ရှိနေတာဖြစ်တဲ့အတွက် လက်တွဲညီညီနဲ့သွားမယ်ဆိုရင်တော့ ပိုပြီးတော့မြန်ဆန်လိမ့်မယ်လို့ ပြောလိုပါတယ်။အတူတူ တခရီးတည်းသွား ပန်းတိုင်တစ်ခုတည်းကို လျှောက်နေကြတဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့အတွက် အားလုံးကတူညီသော စိတ်ထားနဲ့သွားမယ်ဆိုရင်တော့ အကောင်းဆုံးခရီးဖြစ်သွားမှာပါ။”ဟု သူ၏အမြင်ကို ပြောသည်။

အလားတူ ကရင်နှင့် ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )ကလည်း အညာ​ဒေသတွင် တိုက်ပွဲများ​ဖော်​ဆောင်နိုင်ရန် အညာစစ်​ဒေသအတွက် တပ်သားသစ်များ ခေါ်ယူ​နေသည်။

မန္တလေး PDFသည် စစ်ကောင်စီတပ်နှင့် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီစခန်းအများအပြားကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook