Connect with us

Hi, what are you looking for?

News

KNDF ဖမ်းမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) ခလရ(၁၁)မှ တပ်သားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲနယ်တိုက်ပွဲ၌ ဖမ်းမိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) ထံလွှဲပြောင်းပေးပြီးဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း(၃) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) ခလရ(၁၁)မှ တပ်သားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်သား နှစ်ဦးနှင့်အတူရရှိထားသော ပစ္စည်းများကိုလည်း KSPထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

မိုးဗြဲဒေသနှင့် ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁၅ရက်နောက်ပိုင်း ၌ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ပိုမိုအထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook