Connect with us

Hi, what are you looking for?

LuduNwayOo

News

KNDF ဖမ်းမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) ခလရ(၁၁)မှ တပ်သားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲနယ်တိုက်ပွဲ၌ ဖမ်းမိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) ထံလွှဲပြောင်းပေးပြီးဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း(၃) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) ခလရ(၁၁)မှ တပ်သားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်သား နှစ်ဦးနှင့်အတူရရှိထားသော ပစ္စည်းများကိုလည်း KSPထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

မိုးဗြဲဒေသနှင့် ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁၅ရက်နောက်ပိုင်း ၌ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ပိုမိုအထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။