Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ်ဖျက်သိမ်းနိုင်မှသာ ပြည်သူလူထု ၏စိတ်ဖိစီးမှုများ ကျော်လွှားနိုင်မည်ဟု NUG ယာယီသမ္မတပြော

အာဏာရှင်မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများကို တွန်းလှန်ပြီး နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်းလည်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်မှသာ ပြည်သူလူထုခံစားနေရသည့် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUG ယာယီသမ္မတသည် ယနေ့(မတ်လ ၁၂ ရက်) ပြုလုပ်သော စိတ်ကျန်းမာရေးဆိုင်ရာကွန်ဖရင့်သို့ အမှာစကားပြောကြားစဉ် ပြည်သူများအနေဖြင့် မိမိတို့၏ ခံယူချက်၊ ယုံကြည်ချက်များကို မြဲမြံစွာစွဲကိုင်ထားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

အာဏာရှင်မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများကို တွန်းလှန်ပြီး နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်းလည်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

လက်ရှိတွင် မြန်မာပြည်သူပြည်သားများအားလုံးအတွက် စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးသည့်ကာလအခြေအနေသို့ ရောက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီ၏ မတရား အာဏာသိမ်းရန်ကြံရွယ်ချိန်မှစပြီး ပြည်သူလူထု၏ အနာဂတ်အမှောင်ဖုံးခဲ့ရကာ မတရားဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှုများကို ခုခံတွန်းလှန်ခဲ့ရကြောင်း NUG ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

COVID-19 ကပ်ရောဂါ အပြင် တပ်ဆိုး၊ တပ်ဘေးကိုလည်း ခံနေရသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး သက်ရောက်မှုများကြောင့် စိတ်ဖိစီးမှုများကို ပိုမိုခံစားလာရသော်လည်း ထိုစိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ဖို့အတွက် ယုံကြည်ချက်၊ ရည်မှန်းချက်၊ ခံယူချက်အပြည့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်နိုင်ရေး အားတင်းကျော်လွှားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။