Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ဖျက်သိမ်းနိုင်မှသာ ပြည်သူလူထု ၏စိတ်ဖိစီးမှုများ ကျော်လွှားနိုင်မည်ဟု NUG ယာယီသမ္မတပြော

အာဏာရှင်မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများကို တွန်းလှန်ပြီး နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်းလည်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်မှသာ ပြည်သူလူထုခံစားနေရသည့် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUG ယာယီသမ္မတသည် ယနေ့(မတ်လ ၁၂ ရက်) ပြုလုပ်သော စိတ်ကျန်းမာရေးဆိုင်ရာကွန်ဖရင့်သို့ အမှာစကားပြောကြားစဉ် ပြည်သူများအနေဖြင့် မိမိတို့၏ ခံယူချက်၊ ယုံကြည်ချက်များကို မြဲမြံစွာစွဲကိုင်ထားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

အာဏာရှင်မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများကို တွန်းလှန်ပြီး နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်းလည်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

လက်ရှိတွင် မြန်မာပြည်သူပြည်သားများအားလုံးအတွက် စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးသည့်ကာလအခြေအနေသို့ ရောက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီ၏ မတရား အာဏာသိမ်းရန်ကြံရွယ်ချိန်မှစပြီး ပြည်သူလူထု၏ အနာဂတ်အမှောင်ဖုံးခဲ့ရကာ မတရားဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှုများကို ခုခံတွန်းလှန်ခဲ့ရကြောင်း NUG ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

COVID-19 ကပ်ရောဂါ အပြင် တပ်ဆိုး၊ တပ်ဘေးကိုလည်း ခံနေရသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး သက်ရောက်မှုများကြောင့် စိတ်ဖိစီးမှုများကို ပိုမိုခံစားလာရသော်လည်း ထိုစိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ဖို့အတွက် ယုံကြည်ချက်၊ ရည်မှန်းချက်၊ ခံယူချက်အပြည့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်နိုင်ရေး အားတင်းကျော်လွှားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။