Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲနှင့် ချောင်းဦးတွင် တစ်လအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၉၀ ကျော် သုတ်သင်နိုင်ခဲ့ဟုဆို

“တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းဖြစ် ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင် ၉၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့က ယနေ့(မတ် ၁၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို ဖေဖော်ဝါရီလလယ်မှ ယခုမတ်လလယ်အထိ တစ်လအတွင်း ပြု လုပ်ခဲ့သည့်မှတ်တမ်းဖြစ်ပြီး စစ်ကောင်စီတပ် ယာယီတပ်စွဲသည့်နေရာသုံးခုထက်မနည်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

“တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

ZERO ပြောက်ကျားတပ်ဖွဲ့နှင့် နယ်စည်းမခြားမဟာမိတ်ညီနောင်များအဖွဲ့က ပုလဲနှင့် ချောင်းဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများယာယီတပ်စွဲရာ ဇီးဖြူကုန်းနှင့် ကံကြီးကုန်းကျေးရွာများအနီး နှစ်ကြိမ်စီ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

အဆိုပါတိုက်ခိုက်မှုများအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံပြည်သူများက အောင်သပြေများနှင့်အတူ ကြိုဆိုပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် တိုက်ပွဲများဆက်လက်အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ZERO ပြောက်ကျားတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။