Connect with us

Hi, what are you looking for?

News

မန္တလေးကျုံးမြောက်ဘက်မှာ ဆိုင်ကယ်မရပ်လို့ဆိုကာ စစ်ကောင်စီပစ်သတ်လို့ အမျိုးသမီးတစ်ဦးသေဆုံး

ကျည်မှန်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့ သဂြိုဟ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

People's Spring
People's Spring

မန္တလေး ကျုံးမြောက်ဘက်ခြမ်းမှာ ဆိုင်ကယ်တားတာကို မရပ်ပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်တာကြောင့် အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

မနေ့ကညပိုင်း ၉ နာရီလောက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးဦးကို စစ်ကောင်စီက ပစ်ခတ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာတဲ့အမျိုးသမီးဟာ လည်ပင်းကိုကျည်မှန်ပြီး ပွဲချင်းပြီးသေဆုံးသွားပါတယ်။

နောက်ထပ်လူငယ်အမျိုးသားတစ်ဦးလည်း ရင်ဘတ်ကို ကျည်မှန်ပြီးစိုးရိမ်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျည်မှန်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့ သဂြိုဟ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီဟာ ညဘက်အချိန်မှာ သွားလာသူတွေကို မရပ်ရင် ပစ်သတ်တာတွေလုပ်နေတာပါ။

ပြီးခဲ့တဲ့လပိုင်းကလည်း ကျုံးတောင်ဘက်ခြမ်း မှာ ဆိုင်ကယ်စီးသွားတဲ့ လူငယ်တွေကို ပစ်ခတ်တာတွေလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။