Connect with us

Hi, what are you looking for?

News

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် အခြေအနေကောင်းများ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တင်ပြသည်။

▪️တရားမဝင်စစ်အာဏာသိမ်းမှုက မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်ရာ အခြေအနေများကို ဖန်တီးခဲ့ကြောင်း မြန်မာသံအမတ်ကြီးပြော

ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC)စာရင်းမှလွတ်မြောက်ရန် အခြေအနေကောင်းများပိုင်ဆိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုက မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်အခြေအနေများကို ဖန်တီးခဲ့ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မတ်လ ၁၇ ရက်တွင် ပြုလုပ်သော ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာကုလသမဂ္ဂညီလာခံ ပထမပိုင်းသို့ တက်ရောက်မိန့်ခွန်းပြော ကြားစဉ် မြန်မာ့နိုင်ငံအခြေအနေကို ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းဝင်ခဲ့ပြီး အရပ်သားအစိုးရ လက်ထက် ၂၀၁၈ တွင် ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနှင့် ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် တရားမဝင်စစ်အာဏာသိမ်းမှုသည် အရပ်သားအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့ပြီး မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်ရာ အခြေအနေများကို ဖန်တီးခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အချက်အလက်များအရ ၂၀၂၂ အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ဖြစ်သော လူဦးရေ ၂၅ သန်းအထိသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဘဏ် World Bank ကလည်း မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တင်ပြသည်။

မြန်မာပြည်သူများသည် စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်း၊ လူသားချင်းစာနာထောက်ထားမှုကပ် အစရှိသည့် စိန်ခေါ်မှုပေါင်းစုံကို ကြုံတွေ့နေရကြောင်းလည်း သံအမတ်ကြီးက အစီရင်ခံသည်။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူပြည်သားများသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဆကြိုးပမ်းဆောင်ရွက်ရန် ပြတ်သားသော စိတ်ဓာတ်၊ ဇွဲ လုံ့လဝီရိယများရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်ရေး ကြိုးပမ်းမှုကို ကူညီဆောင်ရွက်ပေးကြရန် မြန်မာသံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။

သတင်း

စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်ပြည့်တွင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး တိုက် ပွဲခဲ့စဥ် ကျဆုံးခဲ့ရသော အာဇာနည်သူရဲ ကောင်းရဲဘော်များအား အောက်မေ့သတိရလျှက် ရဲဘော်များ၏ မိဘများထံသွားရောက် ၍ ထောက်ပံ့ငွေနှင့်အတူ ကန်တော့တောင်း ပန်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်မိုက်ကယ်က လူထုနွေဦးသို့ ပြော...

အတွေးအမြင်

စစ်တပ်အာဏာသိမ်းမှု​ကြောင့် နိုင်ငံတစ်ခု ပျက်စီးသွားခြင်းနဲ့အတူ ဒီ ၄ နှစ်အတွင်းမှာပြည်သူ​တွေရဲ့ မယိုင်မလဲခုခံ​တွန်းလှန်မှု​ကြောင့် နိုင်ငံသစ်တစ်ခု ​​မွေးဖွားဖို့​ရောင်နီ သန်းလာတာလည်း မြင်​တွေ့လာရပါတယ် ။

သတင်း

ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။