Connect with us

Hi, what are you looking for?

News

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် အခြေအနေကောင်းများ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တင်ပြသည်။

▪️တရားမဝင်စစ်အာဏာသိမ်းမှုက မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်ရာ အခြေအနေများကို ဖန်တီးခဲ့ကြောင်း မြန်မာသံအမတ်ကြီးပြော

ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC)စာရင်းမှလွတ်မြောက်ရန် အခြေအနေကောင်းများပိုင်ဆိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုက မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်အခြေအနေများကို ဖန်တီးခဲ့ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မတ်လ ၁၇ ရက်တွင် ပြုလုပ်သော ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာကုလသမဂ္ဂညီလာခံ ပထမပိုင်းသို့ တက်ရောက်မိန့်ခွန်းပြော ကြားစဉ် မြန်မာ့နိုင်ငံအခြေအနေကို ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းဝင်ခဲ့ပြီး အရပ်သားအစိုးရ လက်ထက် ၂၀၁၈ တွင် ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနှင့် ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် တရားမဝင်စစ်အာဏာသိမ်းမှုသည် အရပ်သားအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့ပြီး မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်ရာ အခြေအနေများကို ဖန်တီးခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အချက်အလက်များအရ ၂၀၂၂ အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ဖြစ်သော လူဦးရေ ၂၅ သန်းအထိသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဘဏ် World Bank ကလည်း မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တင်ပြသည်။

မြန်မာပြည်သူများသည် စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်း၊ လူသားချင်းစာနာထောက်ထားမှုကပ် အစရှိသည့် စိန်ခေါ်မှုပေါင်းစုံကို ကြုံတွေ့နေရကြောင်းလည်း သံအမတ်ကြီးက အစီရင်ခံသည်။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူပြည်သားများသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဆကြိုးပမ်းဆောင်ရွက်ရန် ပြတ်သားသော စိတ်ဓာတ်၊ ဇွဲ လုံ့လဝီရိယများရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်ရေး ကြိုးပမ်းမှုကို ကူညီဆောင်ရွက်ပေးကြရန် မြန်မာသံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။