Connect with us

Hi, what are you looking for?

News

အာဏာရှင်မင်းအောင်လှိုင် မြန်မာပြည်သူများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်နေဟု အမေရိကန်ဘတ်စကတ်ကစားသမားပြော

‘မင်းအောင်လှိုင် လူသတ်ကောင်’၊ ‘အာဏာရှင်စနစ်ကိုငြင်းဆန်ရေး’၊ ‘စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး’၊ ‘လူ့အခွင့်အရေး လေးစားရေး’ စသည့်တောင်းဆိုမှုများကိုလည်း အီနက်စ်ကန်တာက ဖိနပ်တွင် သရုပ်ဖော်ရေးသားထားသည်။

စစ်အာဏာရှင် မင်းအောင်လှိုင်က မြန်မာပြည်သူများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်နေပြီး စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေကြောင်း အမေရိကန် ဘတ်စကတ်ကစားသမား အီနက်စ်ကန်တာက ထုတ်ဖော်ပြောဆိုသည်။

အထက်ပါ အမေရိကန်ဘတ်စကတ်အကျော်အမော်က ၎င်း၏ တွစ်တာနှင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်နှစ်ခုစလုံးမှ မြန်မာနိုင်ငံအခြေအနေကို ရေးသားခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ ၁,၆၀၀ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာက ကမ္ဘာပေါ်မှာဆက် လက်ဖြစ်ပေါ်နေတဲ့အဆိုးရွားဆုံးလူ့အခွင့်ရေးချိုးဖောက်မှုတွေထဲက တစ်ခုအပါအဝင်ပါပဲ” ဟု အီနက်စ်ကန်တာက ဆိုသည်။

‘မင်းအောင်လှိုင် လူသတ်ကောင်’၊ ‘အာဏာရှင်စနစ်ကိုငြင်းဆန်ရေး’၊ ‘စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး’၊ ‘လူ့အခွင့်အရေး လေးစားရေး’ စသည့်တောင်းဆိုမှုများကိုလည်း အီနက်စ်ကန်တာက ဖိနပ်တွင် သရုပ်ဖော်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

တူရကီနိုင်ငံဖွား အသက်(၂၉)နှစ်အရွယ် အီနက်စ်ကန်တာသည် လက်ရှိတွင် NBA မှ ဘောစတွန် ဆဲလ်တစ်အသင်းတွင် ကစားနေပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ကာ တရုတ်သမ္မတရှီကျင့်ဖျင်ကိုလည်း လူမဆန်သည့်အာဏာရှင်အဖြစ် ရှုတ်ချခဲ့ဖူးသည်။

ဆက်စပ်သတင်းများ