Connect with us

Hi, what are you looking for?

News

လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်နေသည့် ပျူစောထီး ခေါင်းဆောင်ကို ပခုက္ကူ PDF ရှင်းလင်း

စစ်ကောင်စီနှင့် ယင်းတို့၏ ထောက်တိုင် လက်နက်ကိုင် အဖွဲ့များအား အဓိကတိုက်ခိုက်ပြီး ယင်းတို့၏ အဆွယ် အပွား ဒလံသတင်းပေးများအား လိုအပ်ချက်အရရှင်းလင်းခဲ့ရသည့်သတင်းများအား ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

မ​ကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာကျေးရွာနေ ပျူစောထီးခေါင်းဆောင် စိန်ဌေးအား ကမ္မမြို့စျေး တစ်နေရာ၌ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်သည် ကမ္မမြို့အဝင် စာကျင်းကုန်းလမ်းဆုံ၌ လက်နက်အားကိုး၍ ပြည်သူလူထုအား အကြမ်းဖက်စစ်ဆေးခြင်း၊ ကမ္မမြို့အနီးတဝိုက်ရှိ ပြည်သူများအားခေါင်းစဉ် အမျိုးမျိုးတပ်၍ မတရားဖမ်းဆီးခြင်း၊ ကမ္မမြို့၊ ရေလာကျေးရွာ၊ အောင်သာ ကျေးရွာနှင့် မြိုင်မြို့နယ်တောင်ပိုင်း ကျေးရွာများ၌ ပျူစောထီးအဖွဲ့များဖွဲ့စည်း သင်တန်းပေးခြင်း၊ ပျူစောထီးများအား ဦးဆောင်၍ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ၏ အဓိကတရားခံဖြစ်၍ မတ်လ ၂၃ ရက် နေ့လယ် ၂နာရီတွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ မြို့အနောက်ဘက်ခြမ်းရှိ စိန်ဌေး၏ လက်ဝေခံ အောင်သာကျေးရွာနှင့် ရေလာကျေးရွာတို့ရှိ အကြမ်းဖက်လက်နက်ကိုင် ပျူစောထီးများအား ထပ်မံ ရှင်းလင်း တိုက်ခိုက်သွားမည်ဖြစ်၍ မိမိတို့၏လုပ်ရပ်များ အမြန်ဆုံးရပ်တန့်၍ ပြည်သူနှင့်တူ အမြန်ပူးပေါင်းကြရန် သတိပေးထားသည်။

စစ်ကောင်စီနှင့် ယင်းတို့၏ ထောက်တိုင် လက်နက်ကိုင် အဖွဲ့များအား အဓိကတိုက်ခိုက်ပြီး ယင်းတို့၏ အဆွယ် အပွား ဒလံသတင်းပေးများအား လိုအပ်ချက်အရရှင်းလင်းခဲ့ရသည့်သတင်းများအား ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ စိန်ဌေးဖြစ်စဉ်ကြောင့် ပခုက္ကူမြို့နယ် အနောက်ဘက် တဝိုက်ရှိ ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရ၍ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ရဲဘော် Snake နှင့်တကွ ပခုက္ကူ PDFတပ်ဖွဲ့ဝင်အားလုံး ပြည်သူများနှင့်အတူ ထပ်တူထပ်မျှ ကျေနပ်ဝမ်းသာကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။