Connect with us

Hi, what are you looking for?

LuduNwayOo

News

CNAစစ်​ဆေး​ရေးဂိတ်ကို စစ်​ကောင်စီဘက်​တော်သား ZRAကလာတိုက်၍ CNAတပ်သားတစ်ဦးကျဆုံး

ZRAသည် အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်တွင် ခြေကုတ်ယူသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်​နေ​​​သော​ဒေသလခံလက်နက်ကိုင်အဖွဲ့များကို မကြာခဏတိုက်ခိုက်​နှောက်ယှက်​နေ​သောအဖွဲ့ဖြစ်သည်။

(ကျဆုံးခဲ့​သောCNAမှ ရဲဘော် ဆလိုင်းတွန်ပဲန်လျန်း)

ချင်း နှင့် အိန္ဒိယနယ်စပ်တွင် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ဇိုမီးတော်လှန်ရေးတပ်(ZRA)တို့ကြားယမန်​နေည( မတ် ၂၃ ရက်ည)ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး CNAမှ တပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယမန့်နေ့ (မတ် ၂၃ ရက်) ည ၆နာရီခွဲမှ ၇ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ZRAက CNAစစ်​ဆေး​ရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ZRAက ဝင်ရောက်တိုက်ခိုက်သည့်နေရာသည် CNAက ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး တပ်သားနှစ်ဦးတည်း လုံခြုံ​ရေးချထားသည့်နေရာဖြစ်သည်။

“တပ်သားနှစ်ယောက်တည်းရှိတဲ့ ဂိတ်ကို ဝင်ပစ်တာ၊ တစ်ယောက်ကျသွားတယ်။ တယောက်တော့ လွတ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် CNAမှ ရဲဘော် ဆလိုင်းတွန်ပဲန်လျန်းကျဆုံးခဲ့ကြောင်း CNAကလည်း သတင်းထုတ်ပြန်ထားသည်။

ZRAသည် အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်တွင် ခြေကုတ်ယူသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်​နေ​​​သော​ဒေသလခံလက်နက်ကိုင်အဖွဲ့များကို မကြာခဏတိုက်ခိုက်​နှောက်ယှက်​နေ​သောအဖွဲ့ဖြစ်သည်။

၂၀၂၁ မေ ၂၂ ရက်တွင်ZRA က တီးတိန်မြို့ အခြေစိုက် PDFတပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးသည်။ ထိုပြင် ၂၀၂၁ဇွန်လတွင်လည်း PDF(Zoland)၏ တပ်စခန်းတစ်ခုကို ထပ်မံဖျက်ဆီးခဲ့သည်။ ၂၀၂၁ စက်တင်ဘာလတွင် တီးတိန်မြို့နယ်အတွင်းရှိ CDF-Hualngo စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုအပြင် ၂၀၂၁ ဒီဇင်ဘာ ၅ ရက်တွင် PDF(Zoland) ခေါင်းဆောင် ကျင်ရှန်းဆွပ်ကို ZRAက တီးတိန်မြို့ပေါ်တွင် ချိန်းဆိုပြီးလုပ်ကြံသတ်ဖြတ်ခဲ့သည်။

ထို​ကြောင့်ဒီဇင်ဘာ ၁၇ ရက်တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်တွင် CNAနှင့် ZRAတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။