Connect with us

Hi, what are you looking for?

News

CNAစစ်​ဆေး​ရေးဂိတ်ကို စစ်​ကောင်စီဘက်​တော်သား ZRAကလာတိုက်၍ CNAတပ်သားတစ်ဦးကျဆုံး

ZRAသည် အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်တွင် ခြေကုတ်ယူသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်​နေ​​​သော​ဒေသလခံလက်နက်ကိုင်အဖွဲ့များကို မကြာခဏတိုက်ခိုက်​နှောက်ယှက်​နေ​သောအဖွဲ့ဖြစ်သည်။

(ကျဆုံးခဲ့​သောCNAမှ ရဲဘော် ဆလိုင်းတွန်ပဲန်လျန်း)

ချင်း နှင့် အိန္ဒိယနယ်စပ်တွင် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ဇိုမီးတော်လှန်ရေးတပ်(ZRA)တို့ကြားယမန်​နေည( မတ် ၂၃ ရက်ည)ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး CNAမှ တပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယမန့်နေ့ (မတ် ၂၃ ရက်) ည ၆နာရီခွဲမှ ၇ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ZRAက CNAစစ်​ဆေး​ရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ZRAက ဝင်ရောက်တိုက်ခိုက်သည့်နေရာသည် CNAက ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး တပ်သားနှစ်ဦးတည်း လုံခြုံ​ရေးချထားသည့်နေရာဖြစ်သည်။

“တပ်သားနှစ်ယောက်တည်းရှိတဲ့ ဂိတ်ကို ဝင်ပစ်တာ၊ တစ်ယောက်ကျသွားတယ်။ တယောက်တော့ လွတ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် CNAမှ ရဲဘော် ဆလိုင်းတွန်ပဲန်လျန်းကျဆုံးခဲ့ကြောင်း CNAကလည်း သတင်းထုတ်ပြန်ထားသည်။

ZRAသည် အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်တွင် ခြေကုတ်ယူသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်​နေ​​​သော​ဒေသလခံလက်နက်ကိုင်အဖွဲ့များကို မကြာခဏတိုက်ခိုက်​နှောက်ယှက်​နေ​သောအဖွဲ့ဖြစ်သည်။

၂၀၂၁ မေ ၂၂ ရက်တွင်ZRA က တီးတိန်မြို့ အခြေစိုက် PDFတပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးသည်။ ထိုပြင် ၂၀၂၁ဇွန်လတွင်လည်း PDF(Zoland)၏ တပ်စခန်းတစ်ခုကို ထပ်မံဖျက်ဆီးခဲ့သည်။ ၂၀၂၁ စက်တင်ဘာလတွင် တီးတိန်မြို့နယ်အတွင်းရှိ CDF-Hualngo စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုအပြင် ၂၀၂၁ ဒီဇင်ဘာ ၅ ရက်တွင် PDF(Zoland) ခေါင်းဆောင် ကျင်ရှန်းဆွပ်ကို ZRAက တီးတိန်မြို့ပေါ်တွင် ချိန်းဆိုပြီးလုပ်ကြံသတ်ဖြတ်ခဲ့သည်။

ထို​ကြောင့်ဒီဇင်ဘာ ၁၇ ရက်တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်တွင် CNAနှင့် ZRAတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။