Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ရာ ၁၇ဦးသေဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပြော

သေဆုံးသွားသော စစ်အုပ်စုတပ်သားများကို သရက်ကန်ကျေးရွာ သုဿာန်တွင်ပင် သဂြိုလ်ခဲ့ ကြောင်းလည်း ဒေသခံပြည်သူအချို့၏ ပြောကြားချက်ကို ကိုးကား၍ ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့က အသိပေး သည်။

(ကျားသစ်နက်ပြောက်ကျားတပ်မှ ရဲဘော်များကို တွေ့ရစဥ်)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ရာ ၁၇ဦး သေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့က ယနေ့(မတ်လ ၂၄ ရက်) ထုတ်ပြန်သည်။

၁နာရီခွဲကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲတွင် အင်အား ၁၀၀ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ နှင့်ပျူစောထီးတို့ သေဆုံးမှုများပြားခဲ့ခြင်းဟု ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်တာ မတ်လ ၂၂ ရက် ည ၉နာရီလောက်က ။ကျွန်တော်တို့ ရဲဘော်တွေ ဘေးကင်း လုံခြုံတဲ့နေရာ တွေရောက်တဲ့အထိ စောင့်ပြီးမှ သတင်းထုတ်ပြန်တာပါ”ဟု ၎င်းက လူထုနွေဦး သို့ ပြောသည်။

တိုက်ပွဲအတွင်း သရက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာယီစခန်း တစ်ခုလည်း ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော စစ်အုပ်စုတပ်သားများကို သရက်ကန်ကျေးရွာ သုဿာန်တွင်ပင် သဂြိုလ်ခဲ့ ကြောင်းလည်း ဒေသခံပြည်သူအချို့၏ ပြောကြားချက်ကို ကိုးကား၍ ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့က အသိပေး သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။