Connect with us

Hi, what are you looking for?

News

မင်းကင်းနယ် ​ကျော်ရွာရှိ စစ်​ကောင်စီတပ်နှင့်ပျူအဖွဲ့ကို တိုက်ခိုက်ရာ ခုနစ်ဦး​သေဟု KLG ​ပြော

မတ်လ၂၃ ရက်ကလည်း ကျော်​ကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

(KLG ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ကျော်​ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုကို ဒုတိယအကြိမ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးခုနစ်ဦး သေဆုံးကြောင်း KLG PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၆ ရက်) နံနက် ၆နာရီ မှ၉နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ကာ KLG PDF ၊ GTF PDF ရွှေသမင်မုဆိုးPDF၊ ကနီတပ်ရင်း(၂) ၊ မင်းကင်းတပ်ရင်း(၂)နှင့် ဒေသခံ(ပကဖ)တို့ဖြင့် စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကလေးဝဘက်က စခ စစ်ကူကားနှစ်စီး ဆင်းလာလို့ ကျွန်တော်တို့ တပ်ပြန်ဆုတ်ခဲ့ရတယ်။ ဒီအတိုင်း တပ်ကူမလာရင် ကျွန်တော်တို့ ဝင်စီးနိုင်လောက်တယ်။လောလောဆယ် ရဲဘော်တွေလည်း အထိအခိုက်မရှိ ပြန်ဆုတ် ခွာလာနိုင်အောင်ပဲ ကြိုးစားခဲ့တယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကျော်​ကျေးရွာ၌ စစ်ကောင်စီတပ်သား၂၀မှ ၃၀ကြားသာရှိပြီး ပျူစောထီးအရေအတွက်မှာ ၈၀ဝန်းကျင်ရှိကြောင်း KLG PDFက ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

မတ်လ၂၃ ရက်ကလည်း ကျော်​ကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

တောင်တွင်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဆက်လက်၍ နေရာမရွေး တိုက်ပွဲများဖြစ်နိုင်သည့်အတွက် မင်းကင်းမြို့နယ်၊ တောင်တွင်း -ကလေးဝ ကားလမ်းပိုင်းကို ယာယီပိတ်ပင်ကြောင်း TDPDF(MinGin)က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။