Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ် ​ကျော်ရွာရှိ စစ်​ကောင်စီတပ်နှင့်ပျူအဖွဲ့ကို တိုက်ခိုက်ရာ ခုနစ်ဦး​သေဟု KLG ​ပြော

မတ်လ၂၃ ရက်ကလည်း ကျော်​ကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

(KLG ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ကျော်​ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုကို ဒုတိယအကြိမ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးခုနစ်ဦး သေဆုံးကြောင်း KLG PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၆ ရက်) နံနက် ၆နာရီ မှ၉နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ကာ KLG PDF ၊ GTF PDF ရွှေသမင်မုဆိုးPDF၊ ကနီတပ်ရင်း(၂) ၊ မင်းကင်းတပ်ရင်း(၂)နှင့် ဒေသခံ(ပကဖ)တို့ဖြင့် စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကလေးဝဘက်က စခ စစ်ကူကားနှစ်စီး ဆင်းလာလို့ ကျွန်တော်တို့ တပ်ပြန်ဆုတ်ခဲ့ရတယ်။ ဒီအတိုင်း တပ်ကူမလာရင် ကျွန်တော်တို့ ဝင်စီးနိုင်လောက်တယ်။လောလောဆယ် ရဲဘော်တွေလည်း အထိအခိုက်မရှိ ပြန်ဆုတ် ခွာလာနိုင်အောင်ပဲ ကြိုးစားခဲ့တယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကျော်​ကျေးရွာ၌ စစ်ကောင်စီတပ်သား၂၀မှ ၃၀ကြားသာရှိပြီး ပျူစောထီးအရေအတွက်မှာ ၈၀ဝန်းကျင်ရှိကြောင်း KLG PDFက ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

မတ်လ၂၃ ရက်ကလည်း ကျော်​ကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

တောင်တွင်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဆက်လက်၍ နေရာမရွေး တိုက်ပွဲများဖြစ်နိုင်သည့်အတွက် မင်းကင်းမြို့နယ်၊ တောင်တွင်း -ကလေးဝ ကားလမ်းပိုင်းကို ယာယီပိတ်ပင်ကြောင်း TDPDF(MinGin)က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။