Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး ပူးပေါင်းဆောင်ရွက်ရန် အလွတ်သဘော ဆွေးနွေးလိုကြောင်း AA ထံ NUG စာပို့

ULA အနေဖြင့်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းမည်ဆိုပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ဆက်ဆံရေး ရှိရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်များ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အလွတ် သဘော တွေ့ဆုံလိုကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ထံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မဟာမိတ်ဆက်ဆံရေးကော်မတီက စာပေးပို့ခဲ့သည်။

မတ်လ ၂၄ရက် နေ့စွဲပါ အဆိုပါဖိတ်ကြားစာကို ရခိုင်ဒေသအခြေစိုက် Border News Agency က ယနေ့ ညနေပိုင်း၌ ဖော်ပြလာခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန်များစွာ ဆန္ဒပြင်းပြထက်သန်လျက်ရှိသည်ဟု ဖိတ်ကြားစာ၌ ဖော်ပြထားသည်။

ထို့ကြောင့် ရခိုင်အမျိုးသားအဖွဲ့ချုပ်အဆင်ပြေ သင့် လျော်မည့် အချိန်နေ့ရက်တွင် အမျိုးသားညီညွတ်ရေး အစိုးရ မဟာမိတ် ဆက်ဆံရေးကော်မတီအနေဖြင့် မိတ်ဆက် အလွတ်သဘော တွေ့ဆုံလိုကြောင်း အဆိုပြု ဖိတ်ကြားအပ်သည်ဟု ဖိတ်ကြားစာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

” စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံး ၀ိုင်းဝန်းပြီး ဖြေရှင်းဖို့ဖိတ်ခေါ်တဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့ ဖိတ်ခေါ်ချက်တစ်ခုလို့ မြင်တယ်။ နောက်တစ်ခုက ရခိုင်အမျိုးသားအဖွဲ့ချုပ်ကလည်း ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ရခိုင်ပြည်သူလူထု ထောက်ခံမှု များတဲ့ ထိရောက်တဲ့ အဖွဲ့အစည်းဖြစ်တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ သဘောထားတိုက်ဆိုင်တဲ့ဟာတွေ ဘုံသဘောတူညီချက်တွေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးကို၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းတယ်။သင့်တော်တယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ULA အနေဖြင့်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းမည်ဆိုပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ဆက်ဆံရေး ရှိရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

မဟာမိတ် ဆက်ဆံရေးကော်မတီကို ၂၀၂၁ ဒီဇင်ဘာ ၂၉ရက်တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်း အဝေး ဆုံးဖြတ်ချက် အရ ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ဇန်နဝါရီ ၄ရက်က ကျင်းပသည့် ဝန်ကြီးများ အစည်းအဝေး တွင် အတည်ပြုခဲ့သည်ဟု ဆိုသည်။

ယင်းကော်မတီကို အာဏာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အခြေခံကောင်းများ တည်ဆောက်နိုင်ရန် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့များ၊ အင်အားစုများနှင့် ပိုမိုဆက်သွယ် ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ