Connect with us

Hi, what are you looking for?

News

ပွန်ချောင်းအနီး တိုက်ပွဲဖြစ်ပွားနေ၍ လွိုင်ကော်-ရှားတောလမ်းပိုင်း အသုံးမပြုရန် KNDF B-14 သတိပေး

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများနှင့် ဂျက်လေယာဥ်များ ပါ အသုံးပြု မှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

(KNDF B-14 ရဲဘော်များကို တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ် ပွန်ချောင်းအနီး တိုက်ပွဲဖြစ်ပွားနေ၍ လွိုင်ကော်-ရှားတော လမ်းမကြီးကို အသုံးမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF B-14)က ယနေ့(မတ်လ ၂၇ ရက်) ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ကရင်နီတပ်မတော်(KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များမှ ပွန်ချောင်းအနီးရှိ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

“ပွန်ချောင်း အရှေ့ဘက်ဆို ရှားတော ဘက်ရောက်တယ်။အခု ဖြစ်နေတာ ပွန်ချောင်း အနောက်ဘက် ပွန်ချောင်းဘေးပေါ့။​ပြည်သူတွေ အနေနဲ့အသွားအလာဂရုစိုက်ကြဖို့ လိုတယ်” ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများနှင့် ဂျက်လေယာဥ်များ ပါ အသုံးပြု မှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် နေမှုများကြောင့် နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျှက်ရှိကာ နှစ်ဖက်ကျဆုံးမှုများ ရှိနေသည်။

မတ်လ တတိယပတ်အတွင်း ကရင်နီပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ် သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း KNDF က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။