Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများအတွက် ကန်ဒေါ်လာ ၉၅သန်းကျော် ဩစတြေးလျအစိုးရ ထပ်မံကူညီမည်

ဩစတြေးလျသည် တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တစ်နှစ်ကျော်ချိန်အထိ ပိတ်ဆို့ အရေးယူမှုမရှိသေးသော်လည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သားများကို စတင်လက်ခံနေပြီဖြစ်သည်။

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျအစိုးရက ယခုဘဏ္ဍာနှစ်တွင် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉၅သန်းကျော် ထပ်မံအကူအညီပေးမည်ဟု အထက်လွှတ်တော်အမတ် Dean Smith က ပြောကြားသည်။

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ၎င်းတို့အစိုးရ၏ ချဉ်းကပ်မှုသည် ရှင်းလင်းပြတ်သားပြီး ဒုက္ခသည်စခန်းများတွင် မြန်မာများအတွက် အကူအညီပေးအပ်ခြင်း၊ လူသားချင်းစာနာမှုအစီအစဉ်အောက်တွင် နောက်ထပ် ဗီဇာ ၂၀၀၀ ပေးအပ်ခြင်းများပါဝင်ကြောင်း အထက်ပါလွှတ်တော်အမတ်က သတင်းစကားပါးသည်။

မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် ဩစတြေးလျလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကောင်မတီ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတို့သည် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး အထူးအကျိုးရှိသည့် အစည်းအဝေးတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ကြောင်း NUGက သတင်းထုတ်ပြန်ထားသည်။

အထက်ပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျသည် တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တစ်နှစ်ကျော်ချိန်အထိ ပိတ်ဆို့ အရေးယူမှုမရှိသေးသော်လည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သားများကို စတင်လက်ခံနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။