Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူများအတွက် ကန်ဒေါ်လာ ၉၅သန်းကျော် ဩစတြေးလျအစိုးရ ထပ်မံကူညီမည်

ဩစတြေးလျသည် တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တစ်နှစ်ကျော်ချိန်အထိ ပိတ်ဆို့ အရေးယူမှုမရှိသေးသော်လည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သားများကို စတင်လက်ခံနေပြီဖြစ်သည်။

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျအစိုးရက ယခုဘဏ္ဍာနှစ်တွင် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉၅သန်းကျော် ထပ်မံအကူအညီပေးမည်ဟု အထက်လွှတ်တော်အမတ် Dean Smith က ပြောကြားသည်။

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ၎င်းတို့အစိုးရ၏ ချဉ်းကပ်မှုသည် ရှင်းလင်းပြတ်သားပြီး ဒုက္ခသည်စခန်းများတွင် မြန်မာများအတွက် အကူအညီပေးအပ်ခြင်း၊ လူသားချင်းစာနာမှုအစီအစဉ်အောက်တွင် နောက်ထပ် ဗီဇာ ၂၀၀၀ ပေးအပ်ခြင်းများပါဝင်ကြောင်း အထက်ပါလွှတ်တော်အမတ်က သတင်းစကားပါးသည်။

မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် ဩစတြေးလျလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကောင်မတီ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတို့သည် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး အထူးအကျိုးရှိသည့် အစည်းအဝေးတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ကြောင်း NUGက သတင်းထုတ်ပြန်ထားသည်။

အထက်ပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(အထက်လွှတ်တော်အမတ် Dean Smith နှင့် မြန်မာအသိုင်းအဝိုင်းတို့ ​တွေ့ဆုံ​နေစဥ်)

ဩစတြေးလျသည် တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တစ်နှစ်ကျော်ချိန်အထိ ပိတ်ဆို့ အရေးယူမှုမရှိသေးသော်လည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သားများကို စတင်လက်ခံနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။