မန္တလေး မဟာအောင်မြေ မှာရှိတဲ့ ကျောက်မျက် ရောင်းဝယ်ရေးစခန်းကို စစ်ကောင်စီက စောင့်ကြပ်နေပြီး ကျောက်အရောင်းအဝယ် လုပ်ရာမှာ ဝင်းထဲမှာပဲ ရောင်းချဖို့ ဖိအားပေးတာတွေရှိနေပါတယ်။
ကျောက်ဝိုင်းပြင်ပမှာ အရောင်းအဝယ်မလုပ်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားနဲ့လိုက်လံ သတိပေးတာတွေရှိတယ်လို့ ကျောက်ဝိုင်းနားမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
” တချို့တွေကျတော့လည်းအတွင်းထဲမှာ အရောင်းအဝယ်လုပ်ကြတယ်၊ ပြင်ပမှာပဲ အရောင်းအဝယ်လုပ်နေတဲ့သူတွေလည်းရှိသေးတယ်၊အဲတာတွေကို ကားတွေနဲ့ပတ်ကြည့်နေတာ” လို့ ကျောက်ဝိုင်းနားနေသူတစ်ဦးက ပြောပါတယ်။
ကျောက်ဝိုင်းထဲမှာ အရောင်းအဝယ် လုပ်ရင် အခွန်ပေးဆောင်ရတာဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ လပိုင်းကတော့ကျောက်ဝိုင်းပြင်ပမှာ တိုက်ခန်းဌားပြီးအရောင်းအဝယ်လုပ်တဲ့နေရာနှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်စီး ပြီး ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။
အဲဒီနောက် ကျောက်မျက်ဥပဒေနဲ့အမှုဖွင့်တာတွေရှိခဲ့ပါတယ်။


















































