Connect with us

Hi, what are you looking for?

News

သထုံနှင့် ဘီးလင်းတွင် KNUနှင့်PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခြောက်ဦးသေ၊ ၁၄ဦးဒဏ်ရာရ

ယမန်နေ့(မတ်လ၂၉ရက်)နံနက်ပိုင်းကလည်း သထုံမြို့နယ် ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီ ၏တပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ လေးဦးသေဆုံးခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။

(KNUနှင့်PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - သထုံPDF)

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ(၁) နယ်မြေ သထုံနှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို KNUနှင့် သထုံပြည်သူ့ ကာကွယ်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သထုံ PDFက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ရက်နှင့် ၂၉ရက်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မတ်လ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ဘီးလင်းမြို့မရဲစခန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတို့အား ပူးပေါင်းတပ်မှ သွားရောက်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း၊ ယင်းနေ့၌ပင် ဘီးလင်းတိုးဂိတ်အဟောင်း နှင့် ဘီးလင်းတံတား၌ တပ်စွဲထားသော စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များအား သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့(မတ်လ၂၉ရက်)နံနက်ပိုင်းကလည်း သထုံမြို့နယ် ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီ ၏တပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ လေးဦးသေဆုံးခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။

အဆိုပါ နယ်မြေများ၌ စစ်ကောင်စီတပ်များကို KNUနှင့်PDF တပ်များက ပူးပေါင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်