ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ(၁) နယ်မြေ သထုံနှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို KNUနှင့် သထုံပြည်သူ့ ကာကွယ်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သထုံ PDFက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ရက်နှင့် ၂၉ရက်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မတ်လ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ဘီးလင်းမြို့မရဲစခန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတို့အား ပူးပေါင်းတပ်မှ သွားရောက်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း၊ ယင်းနေ့၌ပင် ဘီးလင်းတိုးဂိတ်အဟောင်း နှင့် ဘီးလင်းတံတား၌ တပ်စွဲထားသော စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များအား သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
ယမန်နေ့(မတ်လ၂၉ရက်)နံနက်ပိုင်းကလည်း သထုံမြို့နယ် ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီ ၏တပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ လေးဦးသေဆုံးခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။
အဆိုပါ နယ်မြေများ၌ စစ်ကောင်စီတပ်များကို KNUနှင့်PDF တပ်များက ပူးပေါင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement
