Connect with us

Hi, what are you looking for?

LuduNwayOo

News

BIMSTEC ကဲ့သို့သော နိုင်ငံအဖွဲ့အစည်းများကြောင့် ကမ္ဘာတဝန်း၌ ဒီမိုကရေစီ လျော့ကျဟု India For Myanmar ထုတ်ပြန်

BIMSTECသည် စစ်ကောင်စီ အလွန်အမင်းအလိုရှိနေသော တရားဝင်မှုကိုပေးကာ တိုင်းပြည်ကို အုပ်ချုပ်ရန်ကြိုးပမ်းနေမှုတွင် ကြံရာပါ ဖြစ်သည်ဟု India For Myanmar က ပြောသည်။

▪️လူသတ်အဖွဲ့ကိုယ်စားလှယ်ကို အစည်းအဝေးတက်ရောက်ခွင့်ပြုမှုကို ကန့်ကွက်

BIMSTEC ကဲ့သို့သော နိုင်ငံများနှင့် အဖွဲ့အစည်းများကြောင့် ကမ္ဘာတဝန်း၌ ဒီမိုကရေစီသည် လျော့ကျလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း India For Myanmarက ယနေ့ထုတ်ပြန် သည်။

ယနေ့ကျင်းပသော (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီဝန်ကြီး ဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပြုခဲ့ပြီး ယင်းလုပ်ရပ်သည် မြန်မာပြည်သူများအပေါ် လူမဆန်သောသတ်ဖြတ်မှုများကျူးလွန်နေသူကိုယ်စားလှယ်ကို ဖိတ်ကြားကာ ဆွေးနွေးစေခဲ့ခြင်းဖြစ်ကြောင်း India For Myanmar က ရှုမြင်သည်။

BIMSTECသည် စစ်ကောင်စီ အလွန်အမင်းအလိုရှိနေသော တရားဝင်မှုကိုပေးကာ တိုင်းပြည်ကို အုပ်ချုပ်ရန်ကြိုးပမ်းနေမှုတွင် ကြံရာပါ ဖြစ်သည်ဟု India For Myanmar က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းသည် မြန်မာပြည်သူများ၏ ပြင်းထန်သော အနာအပေါ် ဆားသိပ်ထည့်ခြင်းဖြစ်ပြီး ပြည်သူများက သည်း ခံမည်မဟုတ်သလို မေ့ပျောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်၊ သီရိလက်ာ၊ ထိုင်း၊ မြန်မာ၊ နီပေါ၊ ဘူတန်တို့ဖြင့် ဖွဲ့စည်းထားသော BIMSTEC အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဆက်ဆံပတ်သက်ဖြင်းမပြုရန် ကမ္ဘာတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်း ၁၃၆ ဖွဲ့က ထိပ်သီးအစည်းအဝေးမတိုင်မီ တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် ထွက်ပေါ်လာတာကတော့ MFPဖြစ်ပြီး အောက်လွှတ်တော်ထဲမှာ အမတ်နေရာ ၁၄၇ ခုထိ ရရှိမယ့် အလားအလာတွေ တွေ့နေရပါတယ်။ အဲဒီထဲမှာ ၁၁၂ နေရာက ရွေးကောက်ပွဲမှာ အနိုင်ရတာဖြစ်ပြီး PRစနစ်နဲ့ ၃၅ နေရာ ထပ်ရမယ့် သဘောပါ။...

သတင်း

မြန်မာပြည်သူများနှင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။