▪️လူသတ်အဖွဲ့ကိုယ်စားလှယ်ကို အစည်းအဝေးတက်ရောက်ခွင့်ပြုမှုကို ကန့်ကွက်
BIMSTEC ကဲ့သို့သော နိုင်ငံများနှင့် အဖွဲ့အစည်းများကြောင့် ကမ္ဘာတဝန်း၌ ဒီမိုကရေစီသည် လျော့ကျလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း India For Myanmarက ယနေ့ထုတ်ပြန် သည်။
ယနေ့ကျင်းပသော (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီဝန်ကြီး ဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပြုခဲ့ပြီး ယင်းလုပ်ရပ်သည် မြန်မာပြည်သူများအပေါ် လူမဆန်သောသတ်ဖြတ်မှုများကျူးလွန်နေသူကိုယ်စားလှယ်ကို ဖိတ်ကြားကာ ဆွေးနွေးစေခဲ့ခြင်းဖြစ်ကြောင်း India For Myanmar က ရှုမြင်သည်။
BIMSTECသည် စစ်ကောင်စီ အလွန်အမင်းအလိုရှိနေသော တရားဝင်မှုကိုပေးကာ တိုင်းပြည်ကို အုပ်ချုပ်ရန်ကြိုးပမ်းနေမှုတွင် ကြံရာပါ ဖြစ်သည်ဟု India For Myanmar က ပြောသည်။

Public Service Announcement
ယင်းသည် မြန်မာပြည်သူများ၏ ပြင်းထန်သော အနာအပေါ် ဆားသိပ်ထည့်ခြင်းဖြစ်ပြီး ပြည်သူများက သည်း ခံမည်မဟုတ်သလို မေ့ပျောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်၊ သီရိလက်ာ၊ ထိုင်း၊ မြန်မာ၊ နီပေါ၊ ဘူတန်တို့ဖြင့် ဖွဲ့စည်းထားသော BIMSTEC အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဆက်ဆံပတ်သက်ဖြင်းမပြုရန် ကမ္ဘာတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်း ၁၃၆ ဖွဲ့က ထိပ်သီးအစည်းအဝေးမတိုင်မီ တောင်းဆိုခဲ့သည်။


















































