Connect with us

Hi, what are you looking for?

News

မတရားမှုများကိုတွန်းလှန်ရန် အချိန်ကောင်းဖြစ်၍ ပြည်သူ့ဘက်ရပ်တည်တိုက်ပွဲဝင်ရန် NUG ကာကွယ်ရေးတိုက်တွန်း

စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ဘက်ပြောင်းလဲရပ်တည်လာသည့် စစ်သား ၂,၅၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

(ပြည်သူ့ရင်ခွင်ခိုလှုံလာ​သူများအား NUG အစိုးရက ပြည်သူ့သား​ကောင်းများနှင့်​တွေ့ဆုံပွဲ အခမ်းအနားတစ်ခုပြုလုပ်ရာ ​ပျော်ရွှင်စွာဝိုင်းဖွဲ့စား​သောက်​နေကြ​သော ရဲနှင့်စစ်သားများအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - NUG)

▪️ပြည်သူ့စစ်သားကောင်းများကို နွေးထွေးစွာကြိုဆိုကြောင်းထုတ်ပြန်

မတရားမှုများကိုတွန်းလှန်နိုင်ရန် အချိန်ကောင်းအခါကောင်းဖြစ်၍ ပြည်သူ့ဘက်ရပ်တည်ပူးပေါင်းကာ အမှန်တရားအတွက်တိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

တော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ အစစ အရာရာစွန့်လွှတ်ကာ တရားသည့်ဘက်တွင်ရပ်တည်ခိုဝင်လာကြသော ပြည်သူ့စစ်သားကောင်းများ၏ အင်အားက အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာနေပြီး ပြည်သူ့စစ်သားကောင်းများကို နွေးထွေးစွာကြိုဆိုကြောင်း NUGက ဆိုသည်။

Public Service Announcement

“လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီရဲ့ အသုံးချခံအနေနဲ့ ဆက်လက်မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဥာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ မတရားဖိနှိပ် အနိုင်ကျင့်မှုများကြောင့် တပ်အတွင်း၌လည်း လှိုက်စားပြိုကွဲနေကြသလို အားလုံး၏ ပူးပေါင်းမှုများကလည်း အရှိုက်ထိစေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ဘက်ပြောင်းလဲရပ်တည်လာသည့် စစ်သား ၂,၅၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။