Connect with us

Hi, what are you looking for?

News

ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းကို စစ်ကောင်စီက အုတ်ခဲများ၊ သစ်များ ဖြင့် ပိတ်ဆို့ထား

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတိုးမြှင့် ထားချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများ အရှ်န်မြှင့်ရန် ပြင်ဆင်နေသည်။

ဒေသတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများသတိရှိကြရန် သတိပေး

စစ်ကိုင်းတိုင်းအတွင်း သိသိသာသာ စစ်ကြောင်းထိုးလာနေသည့် အကြမ်းဖက် စစ်ကောင်စီက ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းကို အုတ်ခဲများ၊သစ်တိုသစ်စများဖြင့် ပိတ်ဆို့ထား၍ ဒေသခံပြည်သူများ သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ဆားလင်းကြီးမြို့အထွက်လမ်းကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ယနေ့(ဧပြီ ၂ရက်)နံနက် အ‌ခြေအနေကို မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန် ထားသည်။

မုံရွာမြို့နယ် ကိုင်းတောနှင့် ပုလ္လင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယမန်‌နေ့(ဧပြီ ၁ရက်) ဝင်ရောက်အကြမ်းဖက်ခဲ့ပြီးနောက် ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းနေရာအချို့ကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတိုးမြှင့် ထားချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများ အရှ်န်မြှင့်ရန် ပြင်ဆင်နေသည်။

စစ်ကောင်စီအား ခုခံတိုက်ခိုက်ရာတွင် လက်တွဲညီပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် အင်အား များသည့် ပုလဲ-ကနီ-ယင်းမာပင်-ဆားလင်းကြီးမြို့နယ်မှ မဟာမိတ်ညီနောင် ကာကွယ်ရေး တပ်ဖွဲ့များ ယမန်‌နေ့က တွေ့ဆုံခဲ့ကြပြီး စစ်ကောင်၏အား ပူးပေါင်းတိုက်ခိုက်ကြရန်အပါအဝင် စစ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ထိုအတောအတွင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို ဒေသတွင်း မဟာမိတ်အဖွဲ့များဖြစ်သည့် ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) ၊သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်နှင့် ပတ္တမြားညီနောင်အဖွဲ့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြသည်။

ဧပြီ၁ရက် နေ့လယ်၁ နာရီခန့်က အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်ခုနစ် ဦးသေဆုံးပြီး သစ်ကျင်းကြီးကျေးရွာရှိစစ်ကောင်စီတပ် စခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သိမ်းယူခဲ့သည်။

ဒေသတွင်း စစ်ရေးတင်းမာနေစဉ် ပြည်သူလူထုအနေဖြင့် ရရှိသည့် မျက်မြင်သတင်းများကို လူမှုကွန်ရက်ပေါ်သို့ အလျင်စလို မတင်ဘဲ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များထံ ပေးပို့ပေးရန် ရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။