Connect with us

Hi, what are you looking for?

News

တောင်ကိုရီးယားရောက် ODC အဖွဲ့ဝင်များက NUG ကို ကန်ဒေါ်လာ ၆ သိန်း၊ LPDFများကို ကျပ်သိန်း ၁,၀၀၀ခန့် ထောက်ပံ့

အဖွဲ့ဝင်များက အကြောင်းတစုံတရာပြန်ကြားခြင်းမရှိပါက အလိုအလျောက် သက်တမ်းတိုးမည်ဟု နားလည်ကာ ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ထုတ်ပြန်သည်။

တောင်ကိုရီးယားရောက် One Day Challenge(ODC) အဖွဲ့ဝင်များက ပြီးခဲ့သည့် ၆ လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် မြေပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို ကျပ်သိန်း ၁၀၀၀ နီးပါး ထောက်ပံ့နိုင်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ODC အဖွဲ့ဝင်များကို အဖွဲ့ဝင်ခြင်း ၆ လပြည့်နှင့်ပတ်သက်သည့် အသိပေးစာတွင် နွေဦးတော်လှန်ရေး အောင်မြင်နိုင် ရေးမှာ ODC အဖွဲ့ဝင်များ၏ ငွေကြေးထောက်ပံ့မှုအင်အားက အရေးပါထိရောက်သည့် အခန်းကဏ္ဍတွင်ပါဝင်နေသည်ဟု NUG ကိုယ်တိုင်က အသိအမှတ်ပြုလက်ခံထားပြီး ဖြစ်ကြောင်း ဖော်ပြ သည်။

“ဒါဟာ ရဲဘော်လို စိတ်ဓာတ်ရှိတဲ့ တခြားသော ညီအစ်ကိုတွေရဲ့ မိုးရေစက်ကလေးများကို ကော်မတီမှ ပေါင်းစု သိုမှီးပြီး တစ်ဝမ်တစ်လေမျှ အလေအလွင့် မရှိစေဘဲ လစဉ်ပေးပို့ခဲ့တဲ့ စုပေါင်း ပမာဏဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်ကြည့်လျှင် ထိရောက်မှုမရှိနိုင်ဘူးလို့ အတွေးဝင်နိုင်ပေမယ့် ရဲဘော်ကဲ့သို့ တော်လှန်ရေးစိတ်ဓာတ်ပြည့်ဝတဲ့ ရဲဘော်များစုပေါင်းလိုက်တဲ့အခါ NUG အစိုးရထံသို့ ထိရောက်တဲ့ ငွေကြေး ပမာဏများဖြင့် အင်အားဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု အသိပေးစာ၌ ဖော်ပြသည်။

One Day Challenge အဖွဲ့ဝင်များ၏ ထည့်ဝင်မှုဖြင့် စုစုပေါင်း ဝမ်သိန်းပေါင်း ၉၀၀၀ ကျော် ပေးပို့ထောက်ပံ့နိုင်ခဲ့ပြီး ယင်းငွေများမှာ NUGသို့ ဒေါ်လာ ၆ သိန်း၊ မြေပြင် LPDF အဖွဲ့ ၄၉ ဖွဲ့သို့ ကျပ်သိန်း ၉၈၀ တိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ထောက်ပံ့ခဲ့သော တောင်ကိုရီးယားရောက် ODC အဖွဲ့ဝင်များကို NUG က အသိအမှတ်ပြု ဂုဏ်ယူသောအားဖြင့် ၆လပြည့်သူအဖွဲ့ဝင်တိုင်းကို တော်လှန်ရေးကာလအတွင်း အစိုးရကို အခွန်ဆောင်ခြင်းအဖြစ် သတ်မှတ်ပြီး အခွန်လက်မှတ်များကို ထုတ်ပေးနေပြီဟု သိရသည်။

ODC အဖွဲ့ဝင်ရဲဘော်များက တော်လှန်ရေးပြီးမြောက် အောင်မြင်သည်အထိ ဆက်လက်ပါဝင်မည်ဟု အဆိုပြုပါက နောက်ထပ် ၆ လကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ဂုဏ်ယူစွာဆက်လက်သက်တမ်းတိုးမည်ဖြစ်ပြီး အကြောင်းတစုံတရာကြောင့် ရပ်နားလိုပါကလည်း နှမြောတသစွာရပ်နားပေးမည်ဟု အသိပေးထားသည်။

အဖွဲ့ဝင်များက အကြောင်းတစုံတရာပြန်ကြားခြင်းမရှိပါက အလိုအလျောက် သက်တမ်းတိုးမည်ဟု နားလည်ကာ ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။