Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့်တီးတိန်မြို့နယ်အုပ်ချုပ်​ရေးမှူး မြို့လယ်တွင်ပစ်သတ်ခံရ

အသတ်ခံရသည့် စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရာထူးတိုးဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က တီးတိန်မြို့ကို ပြောင်းရွှေ့လာသည့် အသက် ၃၂ အရွယ် ဦးကြည်မင်းထွန်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

(တီးတိန်မြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရစဥ်)

အကြမ်းဖက်စစ်​ကောင်စီခန့်တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(ဧပြီ ၆ ရက်) ညနေ ၆နာရီတွင် မြို့လယ်ဈေးတွင် ပစ်သတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသည့် စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရာထူးတိုးဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က တီးတိန်မြို့ကို ပြောင်းရွှေ့လာသည့် အသက် ၃၂ အရွယ် ဦးကြည်မင်းထွန်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အသတ်ခံရတာ ဟုတ်ပါတယ်။ မြို့မဈေးရှေ့မှာ ဈေးဝယ်နေရင်း ပစ်ခံရတယ်။ အလောင်းကို လာကောက်မယ်သူတောင်မရှိသေးဘူး”ဟု တီးတိန်မြို့ခံတစ်ဦးပြောသည်။

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို မည်သည်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook