Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီခန့်တီးတိန်မြို့နယ်အုပ်ချုပ်​ရေးမှူး မြို့လယ်တွင်ပစ်သတ်ခံရ

အသတ်ခံရသည့် စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရာထူးတိုးဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က တီးတိန်မြို့ကို ပြောင်းရွှေ့လာသည့် အသက် ၃၂ အရွယ် ဦးကြည်မင်းထွန်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

(တီးတိန်မြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရစဥ်)

အကြမ်းဖက်စစ်​ကောင်စီခန့်တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(ဧပြီ ၆ ရက်) ညနေ ၆နာရီတွင် မြို့လယ်ဈေးတွင် ပစ်သတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသည့် စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရာထူးတိုးဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က တီးတိန်မြို့ကို ပြောင်းရွှေ့လာသည့် အသက် ၃၂ အရွယ် ဦးကြည်မင်းထွန်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အသတ်ခံရတာ ဟုတ်ပါတယ်။ မြို့မဈေးရှေ့မှာ ဈေးဝယ်နေရင်း ပစ်ခံရတယ်။ အလောင်းကို လာကောက်မယ်သူတောင်မရှိသေးဘူး”ဟု တီးတိန်မြို့ခံတစ်ဦးပြောသည်။

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို မည်သည်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။