Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗဟိုဘဏ်ဒုဥက္ကဌ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး​နောက် ​ရွှေနှင့်​ဒေါ်လာအ​ရောင်းအဝယ်ရပ်တန့်နေ

“မနေ့က ဖြစ်တဲ့ ကိစ္စမှာ ကိုယ်ဘက်လှည့်လာမှာစိုးလို့ ငြိမ်နေကြတယ်။ အခြေအနေ ခဏစောင့်ကြည့်တဲ့သဘောပါ။ သူတို့က(စစ်ကောင်စီ)မနိုင်နိုင်ရာလှည့်မဲတတ်တယ်လေ။ဒါ ကြောင့်ငြိမ်နေကြတာ ”ဟု အထက်ပါငွေလဲကောင်တာပိုင်ရှင်က​ပြောသည်။

စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် ဈေးကွက်အတွင်းရွှေနှင့်ဒေါ်လာဈေးမဖွင့်ဘဲ အရောင်းအဝယ်ရပ်တန့်နေသည်ဟု ပြည်တွင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီခန့်ထားသည့် အဆိုပါ ကော်မတီ ဥက္ကဌဖြစ်သည့် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေသည် ယမန့်(ဧပြီ ၇ ရက်) ကနေအိမ်တွင် မြို့ပြပျောက်ကြားအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခံရခဲ့ပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ်အတွက် ဈေးမဖွင့်နိုင်ခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

“ရွှေက မနေ့ကတည်းက အဝယ်လိုက်နေတာ။ ဒီနေ့တော့ အရောင်းအဝယ်ကို မဖွင့်နိုင်ဘူး၊ အခြေအနေတွေစောင့်ကြည့်နေရတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယမန့်နေက ဗဟိုဘဏ်ဒုဥက္ကဌ သေနတ်ပစ်ခံရသည့် ဖြစ်စဉ်ကြောင့် ရွှေလုပ်ငန်းရှင်များအပေါ်စစ်ကောင်စီကအညှိုးအတေးထားလာမည်ကိုကြောက်ရွံနေသောကြောင့် အရောင်းအဝယ်မလုပ်ရဲကြခြင်းလည်း ပါဝင်သည်ဟု၎င်းကသုံးသပ်​ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ရွှေဈေးနှုန်းတည်ငြိမ်ရေးနှင့် ထိန်းထိန်းသိမ်းသိမ်းအရောင်းအဝယ်ပြုလုပ် ရန်အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ကြေညာထားပြီး ရွှေဈေးကွက်ကိုမူ မဖွင့်ပေ။ ထိုအပြင် စစ်​ကောင်စီဗဟိုဘဏ်သတ်မှတ်​သော နိုင်ငံခြား​ငွေလဲနှုန်းအ​ပေါ် မူတည်၍​ရွှေ​အ​ရောင်းအဝယ်ပြုလုပ်ရန် ၊ ​ပြင်ပမှ​ကောလဟလများမယုံကြည်ရန် ၊​ရုံးပိတ်ရက်အဖြစ် ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ့သတ်မှတ်သည်ဟု ယ​နေ့ ​အသင်းအစည်းအ​ဝေးတွင် ဆုံးဖြတ်သည်ဟုလည်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူးတို့က စစ်ကောင်စီအလိုကျ ရွှေဈေးကျဆင်းရန်နှင့် အရောင်းအဝယ်ထိန်းသိမ်းရန် ပြောခဲ့​ကြောင်း​ရွှေ​လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

ရွှေဈေးနည်းတူ ဒေါ်လာဈေးကွက်အတွင်းလည်းအရောင်းအဝယ် မဖြစ်ဘဲ ရပ်တန့်နေသည်ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

“မနေ့က ဖြစ်တဲ့ ကိစ္စမှာ ကိုယ်ဘက်လှည့်လာမှာစိုးလို့ ငြိမ်နေကြတယ်။ အခြေအနေ ခဏစောင့်ကြည့်တဲ့သဘောပါ။ သူတို့က(စစ်ကောင်စီ)မနိုင်နိုင်ရာလှည့်မဲတတ်တယ်လေ။ဒါ ကြောင့်ငြိမ်နေကြတာ ”ဟု အထက်ပါငွေလဲကောင်တာပိုင်ရှင်က​ပြောသည်။

လက်ရှိစစ်ကောင်စီသတ်မှတ်သည့် တစ်ဒေါ်လာ ၁၈၅၀ကျပ်နှုန်းသည့် လက်တွေ့မကျသောကြောင့် လုပ်ငန်းရှင်များက အရောင်းအဝယ်ရပ်တန့်နေခြင်းဖြစ်သည်ဟု၎င်းကဆက်​ပြောသည်။ စစ်ကောင်စီက တစ်ဒေါ်လာကို ၁၈၅၀ကျပ်နှုန်း မသတ်မှတ်ခင် ငွေလဲကောင်တာပိုင်ရှင်တချို့ကလည်းဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။