Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ် ကင်းရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့၍ နေအိမ်ငါးလုံးပျက်စီး

စစ်ကောင်စီတပ်သည် ယခင်ကလည်း ကင်းရွာရှိ နေအိမ်အချို့ကို နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ ယခုသည် သုံးကြိမ်မြောက်ဖြစ်သည်။

ဓာတ်ပုံ - မတ္တရာ PDF

စစ်ကြောင်းကို မတိုက်ခိုက်ပါက ရွာကိုဒုက္ခမပေးဟုပြောသော်လည်း ညပိုင်း၌ မီးရှို့သွားခြင်းဖြစ်ဟု ဒေသခံပြော

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်းက မီးရှို့ ခဲ့ရာ နေအိမ် ငါးလုံးမီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဧပြီ ၈ရက် ညပိုင်း ၁၁နာရီခွဲတွင် စစ်ကောင်စီတပ်များက မီးရှိုခဲ့ခြင်းဖြစ်ပြီး နေအိမ် ငါးလုံးကို ရွေး၍ ရှို့ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် မီးမရှို့မီ ဧပြီ ၈ရက် ညနေပိုင်းတွင် ကင်းရွာ သူရွာသားများကိုခေါ်ယူပြီး ၎င်းတို့ကို မတိုက်ခိုက်ပါက ရွာကိုဒုက္ခမပေးဟု ပြောဆိုခဲ့ကြောင်း ဒေသခံက ပြောသည်။

ဓာတ်ပုံ – မတ္တရာ PDF

“ရွာကိုလည်း မီးရှို့ဘူး ကျွန်တော်တို့လည်း ဒုက္ခမပေးနဲ့အနှောက်အယှက် မပေးနဲ့ပေါ့ ကျွန်တော်တို့ကလည်း ဒုက္ခမပေးချင်ဘူး သူတို့က ဒီလိုတွေပြောတယ်။ ကျွန်တော်တို့က ခိုင်းလို့လုပ်ရတာ ခိုင်းလို့လာရတာပေါ့။ ရွာမှာလည်း အကြာကြီးမနေနိုင်ဘူး လာလည်း မလာချင်ဘူးပေါ့။ အဲဒီလို ပြောပြီး ညက ၁၁ခွဲကျတော့ ရှို့တာပဲ”ဟု မတ္တရာဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း ကင်းရွာရှိ နေအိမ်အချို့ကို နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ ယခုသည် သုံးကြိမ်မြောက်ဖြစ်သည်။

ဓာတ်ပုံ – မတ္တရာ PDF

“ဒီကောင်တွေစကားက ဘာမှအတည်ယူလို့မရဘူး။ ဘာမှလည်း ယုံစားလို့မရဘူး။ ဒီကောင်တွေက မပြေးပါနဲ့ ပြောရင်လည်း ဖမ်းတယ် ရိုက်တယ်။ ပြီးရင်ငွေညှစ်တယ်။ နောက်ဆုံး မသင်္ကာရင် စစ်ကြောရေးပို့ ခံရတယ်။ ရှောင်တဲ့တိမ်းတဲ့အခါကျတော့လည်း ဒီကောင်တွေ ပြောတာက အပြစ်လုပ်ထားလို့ရှောင်တာ။ အပြစ်မလုပ်ထားရင် ဘာမှမဖြစ်ဘူးဆိုတာမျိုး အဲဒီတော့ ဘလောင်းဘလဲ ကလိန်ကကျစ်တွေပဲ” ဟု ဒေသခံက ပြောသည်။

မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ကင်းရွာမီးရှို့ခံရမှု ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ရာ စစ်ကား ၁၃စီးဖြင့် ကင်းရွာသို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေသော အကြမ်းဖက်စကစတပ်ဖွဲ့များသည် ၎င်းတို့အပြန်တွင် ကင်းရွာမှနေအိမ် ငါးလုံးကို မီးရှို့ခဲ့ကြောင်း နေအိမ်ပိုင်ရှင်များ၏ အမည်စာရင်း နှင့်တကွ ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook