Connect with us

Hi, what are you looking for?

News

က​လေးမြို့တွင်း တိုက်ပွဲဖြစ်​

ကလေးမြို့၊ အင်ဒိုင်းကုန်ရပ်ကွက်အတွင်း ယနေ့(ဧပြီ ၉ ) ရက်မနက် ၁၀နာရီခန့် စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်ဘက်မှ လူနေရပ်ကွက်များကို ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြို့ခံများက​ပြောသည်။

(က​လေးမြို့တွင်းတစ်​နေရာကို ၂၀၂၁ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယနေ့ မနက်၁၀ နာရီခန့်ကစ၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ကလေးမြို့​ဒေသခံများထံမှသိရသည်။

ကလေးမြို့၊ အင်ဒိုင်းကုန်ရပ်ကွက်အတွင်း ယနေ့(ဧပြီ ၉ ) ရက်မနက် ၁၀နာရီခန့် စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်ဘက်မှ လူနေရပ်ကွက်များကို ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြို့ခံများက​ပြောသည်။

“ဝန်ထမ်းအိမ်ယာတွေ၊ တောင်သာ၊ မြို့လှ ဘက်ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်နေကြတာ ဗုံးသံတွေမှ အကျယ်ကြီးဘဲ ကြားနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက တောင်ဖီလာတောင်ဘက်မှ လူနေရပ်ကွက်များကိုပါ လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်နေပြီး နေလယ် ၁၂ နာရီ အထိ့ပစ်ခတ်သံများကြားနေဆဲဖြစ်သည်ဟု အခြားကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“လက်နက်ကြီးသံကနားတွေအူနေတာဘဲ။ စစ်တပ်က ရမ်းသမ်းပြီး ပစ်နေကြတယ်၊”ဟု ၎င်းကဆက်​ပြောသည်။

ထိုပြင် ယမန့်နေ့(ဧပြီ၈ ရက်)ကလည်း ကလေးမြို့၊တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံလမ်းထောင့်ရှိ စစ်ကောင်စီတပ်ကင်းစခန်းနှင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် နေကြာတိုက်လမ်းထောင့်ရှိ ကင်းစခန်းတို့ကို ကလေးမြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုနောက် တာဟန်းရပ်ကွက်ကမ္ဗောဇဘဏ် (၂) အရှေ့ရှိ တံတားပေါ်အရောက်၌ PDF (ကလေး) တပ်ဖွဲ့များက အသင့်တပ်ဆင် ထားသော မိုင်း ၆ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ထိုတိုက်ခိုက်မူများအတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည်ထိခိုက်မူအမြောက်အမြားရှိခဲ့သည်ဟု PDF(ကလေး)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။