Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ပြစစ်ဆင်​ရေး ဒုတိယလှိုင်း”နန်းထိုက်အောင်”စစ်ဆင်​ရေး စတင်ပြီဟုကြေညာ

ဗဟိုဘဏ် ဒုဥက္ကဌအား ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီးနောက်”ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာအဆုံးသတ်ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - News of Myanmar

■မြောက်ဒဂုံနှင့် အင်းစိန်မြို့နယ်တို့၌ ရှော့တိုက်ဒုံးပစ်စင်နှင့် မပေါက်ကွဲသေးသည့် မိုင်းများတွေ့ဟုဆို

ရန်ကုန်မြို့ပြစစ်ဆင်​ရေး ဒုတိယလှိုင်းအဖြစ် “နန်းထိုက်​အောင်” စစ်ဆင်​ရေး စတင်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောကြားသည်။
“ဒီမနက်ပဲ စပြီလို့ ပြောရမယ်။ တချို့ Mission တွေကိုတော့ အသေးစိတ် မပြောချင်သေးဘူး။ လုံခြုံရေးအရ တွေရှိသေးတာကို။ရန်ကုန်မှာ Second Wave စပြီလို့ ပြောလို့ရတယ်”ဟု ၎င်းက ရှင်းပြသည်။

ဗဟိုဘဏ် ဒုဥက္ကဌအား ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီးနောက်”ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာအဆုံးသတ်ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်း၌ ၂၀၂၁ ခုနှစ် စက်တင်ဘာ မှ ၂၀၂၂ ခုနှစ် ဧပြီအထိ ခုနှစ်လ အတွင်း အကြမ်း ဖက်စစ်ကောင်စီနှင့်၎င်းတို့၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ်ပေါင်း ၁,၁၂၈ ခုကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ခုနစ်လတာဆောင်ရွက်ခဲ့သည့် “ပျံလွှား​အောင်” စစ်ဆင်​ရေး​ကို ဧပြီ ၇ ရက်တွင် အောင်မြင်စွာ အဆုံးသတ်ပြီးတဲ့​နောက် မြို့ပြစစ်ဆင်ရေး ဒုတိယလှိုင်း (Urban Operation Second Wave) အဖြစ် “နန်းထိုက်​အောင်” စစ်ဆင်​ရေးအမည်ဖြင့် ပိုမိုအရှိန်မြှင့်တင်​ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

ဓာတ်ပုံ – News of Myanmar

ပြည်သူတစ်ရပ်လုံးမှ”နန်းထိုက်​အောင်” စစ်ဆင်ရေးနှင့်အတူ လက်တွဲပူးပေါင်း ပါဝင်ရန်လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က တိုက်တွန်းသည်။

ယနေ့နံနက်က မြောက်ဒဂုံနှင့် အင်းစိန်မြို့နယ်တို့၌ ရှော့တိုက်ဒုံးပစ်စင်နှင့် မပေါက်ကွဲ သေးသည့် မိုင်းများကိုရှာဖွေတွေ့ရှိခဲ့သည်ဟု စစ်အုပ်စု၏ဝါဒဖြန့် လူမှုကွန်ရက်များက ဖြန့်ဝေလာသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် အောက်ဆန်းသူရိယ လမ်းကြား၊ လီပိုင်ကုမ္ပဏီပိုင်ယူနိုင်းဘိလပ်မြေဖျော်ကွင်း အတွင်း ၁၀၇(မမ)ရှော့တိုက်ဒုံးစင်နှစ်ခုကို နံနက် ၁၀နာရီအချိန်က တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

Public Service Announcement

မြောက်ဥက္ကလာပမြို့နယ်(ဃ)ရပ်ကွက်တွင်လည်း နံနက် ၇ နာရီက ပေါက်ကွဲ သံကြားပြီး ကန်စွန်းခင်းအတွင်း ပြုတ်ကျသံကြားကြောင်း ယာဉ်မောင်းတစ်ဦး ၏ ပြောကြားသည့်သတင်းအရ စစ်အုပ်စုကရှာဖွေရာ ကန်စွန်းခင်းအတွင်းမှ ၁၀၇ (မမ)ရှော့တိုက်ဒုံးထိပ်ဖူး တစ်ခုတွေ့ရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထို့ကြောင့် နယ်မြေအတွင်း ပိုက်စိပ်တိုက်ရှာဖွေရာကန်စွန်းခင်းလမ်းတစ်ဖက် ခြမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ယူနိုင်းဘိလပ်မြေဖျော်ကွင်းအတွင်း ၁၀၇ (မမ) ရှော့တိုက်ဒုံး ပစ်စင်နှစ်ခု၊ ဘက်ထရီတစ်အိုး၊ မသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို တွေ့ရှိကြောင်းနှင့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု စစ်အုပ်စုထောက်ခံသူများက ဖြန့်ဝေသည်။

ဓာတ်ပုံ – News of Myanmar

အလားတူ အင်းစိန်မြို့နယ်၊ဒညင်းကုန်းရပ်ကွက်၊ အမှတ် (၄) လမ်းမကြီး ရထားသံလမ်းကူးတွင် မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံးကို ယနေ့ နံနက် ၁၀နာရီ ၅၀မိနစ်အချိန်က ဖယ်ရှားရှင်းလင်းခဲ့ရသည်ဟုလည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ဝါဒဖြန့်ပေးနေသော News of Myanmar က ဆိုသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်ဂေါက်ကွင်း အပါအဝင် မင်္ဂလာဒုံလေတပ် စခန်းတို့၌ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာဒုံလေတပ်စခန်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် အတည်မပြုနိုင်သေးသော သတင်းများအရ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး လေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနမှူးဗိုလ်ချုပ်လှညွှန့်ကိုယ်တိုင်ပင် ဖြစ်စဥ်ကို ဦးစီးနေရသည်ဟု တပ်တွင်း သတင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

သတင်း

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။